Header Ads


နည္းျပအမ္မရီကိုသေဘာေတြ ့ေအာင္ေျခစြမ္းျပကစားခဲ့သူ (သို ့မဟုတ္) စမစ္႐ို



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အသက္၁၈ ႏွစ္အရြယ္ အာဆင္နယ္ကစားသမားေလး စမစ္႐ိုကေတာ့ ကရာဘာ့နဲ႔ ေတြ ့ဆံုတဲ့ ယူ႐ိုပါလိပ္ပြဲမွာ အာဆင္နယ္အသင္းအတြက္ေျခစြမ္းျပကစားခဲ့ၿပီး နည္းျပအမ္မရီကို အႀကိဳက္ေတြ ့သြားေစခဲ့ပါတယ္။

စမစ္႐ိုဟာ ကရာဘာ့ကို ၃-၀ ျဖင့္အႏိုင္ရတဲ့ပြဲမွာ တစ္ဂိုးသြင္းယူေပးခဲ့ၿပီး အဆိုပါဂိုးဟာ ၇ ႏွစ္အတြင္း အာဆင္နယ္အသင္းရဲ႕ အသက္အငယ္ဆံုးဂိုးသြင္းသူအျဖစ္မွတ္တမ္းဝင္သြားပါတယ္။



အာဆင္နယ္နည္းျပအူႏိုင္းအမ္မရီကေတာ့ လူငယ္ကစားသမားေလး အီမိုင္းလ္စမစ္႐ိုဟာ မာနေထာင္လႊားမႈမရွိပဲ နွိမ့္ခ်ေနတတ္တဲ့ေကာင္ေလးလို ့ခ်ီးက်ဴးေျပာၾကားသြားပါတယ္။

အဆိုပါ ပြဲမွာ စမစ္႐ိုဟာ အာဆင္နယ္အသင္းအတြက္ ဒုတိယေျမာက္ဂိုးကို သြင္းယူေပးခဲ့ၿပီး အာဆင္နယ္ အသင္းဟာ ၿပိဳင္ပြဲစံု ၈ ပြဲဆက္အႏိုင္ရလဒ္မွတ္တမ္းကိုစိုက္ထူခဲ့ပါတယ္။

စမစ္႐ိုဟာ ၂၀၁၁ ခုႏွစ္က အာဆင္နယ္အသင္းအတြက္ ပထမဆံုးဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားေဟာင္းခ်ိန္ဘာလိန္ၿပီးေနာက္ အသက္အငယ္ဆံုး ဂိုးသြင္းသူတစ္ေယာက္ျဖစ္ၿပီး စမစ္႐ိုရဲ႕ အေကာင္းဆံုးပိုင္ဆိုင္ထားတဲ့ အရည္အခ်င္းတစ္ခုကေတာ့ သူဟာ နွိမ့္ခ်ေနထိုင္တဲ့သူပါလို ့နည္းျပအမ္မရီကေျပာၾကားလိုက္ပါတယ္။



" အကယ္ဒမီ ကကစားသမားတိုင္း စီနီယာအသင္းနဲ႔ တြဲကစားႏိုင္တဲ့ ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိဖို ့လိုပါတယ္။"

"စမစ္႐ိုကေတာ့ ရာသီႀကိဳ ပြဲေတြမွာထဲက အလုပ္ေကာင္းေကာင္းလုပ္ျပခဲ့ၿပီး ကၽြန္ေတာ္တို ့ဘယ္လိုကစားလဲသူသိပါတယ္။ဒီေကာင္ေလးက တကယ္နွိမ့္ခ်ေနတတ္တဲ့ သူျဖစ္ၿပီး ကၽြန္ေတာ္တို ့နဲ႔အတူ တိုးတက္လာဖို ့ပူးေပါင္ေနခ်င္တဲ့ ခ်ာတိတ္ေလးပါ"

" သူမွာ ကိုယ္ခႏၲာၾကံ ့ခိုင္မႈေရာ၊စိတ္ဓာတ္ပိုင္း ၾကံ ့ခိုင္မႈပါ ရွိပါတယ္။ သူ ့ရဲ႕ ညာေျခေထာက္မွာ အရည္အခ်င္းအျပည့္ရွိပါတယ္။ ႀကိဳက္တဲ့ အသင္းေဖာ္နဲ ့အတူ တိုက္စစ္ကစားႏိုင္တဲ့ ေကာင္ေလးပါ"

" သူ နဲ႔ ပတ္သတ္ၿပီး တစ္ခုပဲခ်ီးက်ဴးပါဆိုရင္ ကၽြန္ေတာ္သူ ့ရဲ႕ စိတ္ဓာတ္ပိုင္းကို ေျပာရမွာပါပဲ။သူဟာ နွိမ့္ခ်တတ္တယ္။မာနေထာင္လႊားမႈမရွိဘူး။ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာလည္း အၿမဲ႐ိုေသနားေထာင္တယ္။ ဗီဒီယို အခ်က္အလက္ေတြပြဲမတိုင္ခင္ ျပရင္လည္း ဂ႐ုတစိုက္ လိုက္ၾကည့္တယ္။"



" ၿပီးခဲ့တဲ့ ဘရန္ ့ဖို ့ဒ္နဲ႔ ပြဲမွာ သူ ပယ္နယ္တီ ဧရိယာ အတြင္း ဂိုးသြင္းဖို ့အေကာင္းဆံုး ၃ ႀကိမ္ရတယ္။ဂိုးမသြင္းႏိုင္ခဲ့ဘူး။ဒါပင္မယ့္ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ဒီပြဲမွာေတာ့ ၂ႀကိမ္ ရၿပီး ၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။"

" သူနဲ႔ ပတ္သတ္ၿပီး ကၽြန္ေတာ္သိပ္အမ်ားႀကီးမေျပာလိုပါဘူး။သူ ့ကို ဒီပံုစံအတိုင္းေလးပဲ မာနေထာင္လႊားျခင္းမရွိပဲ ကြင္းထဲကေျခစြမ္းအေပၚမွာ အၿမဲအာရံုစိုက္ထားေစခ်င္ပါတယ္။" လို ့နည္းျပအမ္မရီကေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၈ပြဲဆက္အႏိုင္ရယူၿပီးေနာက္ လာမယ့္တနဂၤေႏြေန ့မွာကန္မယ့္ ဖူလ္ဟမ္အသင္းနဲ႔ ပရီးမီးယားလိပ္ပြဲအတြက္အာရံုစိုက္ထားလ်က္ရွိေနပါတယ္။

(Unicode)

နည်းပြအမ်မရီကိုသဘောတွေ့အောင်ခြေစွမ်းပြကစားခဲ့သူ (သို့မဟုတ်) စမစ်ရို

အသက်၁၈ နှစ်အရွယ် အာဆင်နယ်ကစားသမားလေး စမစ်ရိုကတော့ ကရာဘာ့နဲ့ တွေ့ဆုံတဲ့ ယူရိုပါလိပ်ပွဲမှာ အာဆင်နယ်အသင်းအတွက်ခြေစွမ်းပြကစားခဲ့ပြီး နည်းပြအမ်မရီကို အကြိုက်တွေ့သွားစေခဲ့ပါတယ်။

စမစ်ရိုဟာ ကရာဘာ့ကို ၃-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူပေးခဲ့ပြီး အဆိုပါဂိုးဟာ ၇ နှစ်အတွင်း အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်သွားပါတယ်။

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီကတော့ လူငယ်ကစားသမားလေး အီမိုင်းလ်စမစ်ရိုဟာ မာနထောင်လွှားမှုမရှိပဲ နှိမ့်ချနေတတ်တဲ့ကောင်လေးလို့ချီးကျူးပြောကြားသွားပါတယ်။

အဆိုပါ ပွဲမှာ စမစ်ရိုဟာ အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက်အနိုင်ရလဒ်မှတ်တမ်းကိုစိုက်ထူခဲ့ပါတယ်။

စမစ်ရိုဟာ ၂၀၁၁ ခုနှစ်က အာဆင်နယ်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဟောင်းချိန်ဘာလိန်ပြီးနောက် အသက်အငယ်ဆုံး ဂိုးသွင်းသူတစ်ယောက်ဖြစ်ပြီး စမစ်ရိုရဲ့ အကောင်းဆုံးပိုင်ဆိုင်ထားတဲ့ အရည်အချင်းတစ်ခုကတော့ သူဟာ နှိမ့်ချနေထိုင်တဲ့သူပါလို့နည်းပြအမ်မရီကပြောကြားလိုက်ပါတယ်။

" အကယ်ဒမီ ကကစားသမားတိုင်း စီနီယာအသင်းနဲ့ တွဲကစားနိုင်တဲ့ ဆိုတဲ့ ခံစားချက်မျိုးရှိဖို့လိုပါတယ်။"

"စမစ်ရိုကတော့ ရာသီကြို ပွဲတွေမှာထဲက အလုပ်ကောင်းကောင်းလုပ်ပြခဲ့ပြီး ကျွန်တော်တို့ဘယ်လိုကစားလဲသူသိပါတယ်။ဒီကောင်လေးက တကယ်နှိမ့်ချနေတတ်တဲ့ သူဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ တိုးတက်လာဖို့ပူးပေါင်နေချင်တဲ့ ချာတိတ်လေးပါ"

" သူမှာ ကိုယ်ခန္တာကြံ့ခိုင်မှုရော၊စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုပါ ရှိပါတယ်။ သူ့ရဲ့ ညာခြေထောက်မှာ အရည်အချင်းအပြည့်ရှိပါတယ်။ ကြိုက်တဲ့ အသင်းဖော်နဲ့အတူ တိုက်စစ်ကစားနိုင်တဲ့ ကောင်လေးပါ"

" သူ နဲ့ ပတ်သတ်ပြီး တစ်ခုပဲချီးကျူးပါဆိုရင် ကျွန်တော်သူ့ရဲ့ စိတ်ဓာတ်ပိုင်းကို ပြောရမှာပါပဲ။သူဟာ နှိမ့်ချတတ်တယ်။မာနထောင်လွှားမှုမရှိဘူး။ လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း အမြဲရိုသေနားထောင်တယ်။ ဗီဒီယို အချက်အလက်တွေပွဲမတိုင်ခင် ပြရင်လည်း ဂရုတစိုက် လိုက်ကြည့်တယ်။"

" ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ သူ ပယ်နယ်တီ ဧရိယာ အတွင်း ဂိုးသွင်းဖို့အကောင်းဆုံး ၃ ကြိမ်ရတယ်။ဂိုးမသွင်းနိုင်ခဲ့ဘူး။ဒါပင်မယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ဒီပွဲမှာတော့ ၂ကြိမ် ရပြီး ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။"

" သူနဲ့ ပတ်သတ်ပြီး ကျွန်တော်သိပ်အများကြီးမပြောလိုပါဘူး။သူ့ကို ဒီပုံစံအတိုင်းလေးပဲ မာနထောင်လွှားခြင်းမရှိပဲ ကွင်းထဲကခြေစွမ်းအပေါ်မှာ အမြဲအာရုံစိုက်ထားစေချင်ပါတယ်။" လို့နည်းပြအမ်မရီကပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၈ပွဲဆက်အနိုင်ရယူပြီးနောက် လာမယ့်တနင်္ဂနွေနေ့မှာကန်မယ့် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိပ်ပွဲအတွက်အာရုံစိုက်ထားလျက်ရှိနေပါတယ်။

No comments

Powered by Blogger.