မနေ့ ညကကစားခဲ့တဲ့ချန်ပီယံလိပ်ပွဲစဉ်များအပြီးအဟော့ဖြစ်ဆုံးချန်ပီယံလိပ်သတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
Crvena Zvezda အသင်းကို ၆-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ နေမာက အဆိုပါ ပွဲဟာ ဒီရာသီ သူတို့အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပါလို့ချီးကျူးစကားဆိုလိုက်ပါတယ်
စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲပြီးနောက် ဘာစီလိုနာနည်းပြဗယ်လ်ဗာဒီက သူတို့အသင်းဟာ ပြိုင်ပွဲတွေအပေါ် အမြဲလွှမ်းမိုးဖို့ကြိုးစားနေတဲ့ အသင်းအဖြစ်ရှိနေဆဲပါလို့ပြောကြားသွားခဲ့ပါတယ်။
စပါးနဲ့ ပွဲမှာ ၂ဂိုးသွင်းယူခဲ့တဲ့ ဘာစီလိုနာစတားမက်ဆီကို အသင်းဖော်ကော်တင်ဟိုက သူဟာထူးချွန်လွန်းတဲ့ကစားသမားဖြစ်ပြီး သူလုပ်ပြခဲ့တဲ့ အရာတွေဟာ လုံးဝကို မတန်မဆ တွေပဲလို့ချီးကျူးပြောဆိုသွားပါတယ်။
လီဗာပူးလ်နည်းပြကလော့ က နာပိုလီနဲ့ ပွဲမှာအသင်းရဲ့ ကွင်းလယ်လူ ကီတာဟာ နောက်ကျောဒဏ်ရာရရှိခဲ့တယ်လို့ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။
PSV ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ အင်တာတိုက်စစ်မှူး အီကာဒီကို သူဟာ ပယ်နယ်တီဧရိယာအတွင်း ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တစ်ကောင်ပါလို့အင်တာနည်းပြ စပါလက်တီက ချီးကျူးပြောဆိုသွားပါတယ်။
နာပိုလီနည်းပြအန်ဆယ်လော့တီက လီဗာပူးလ်အသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာဟာ သူတို့ရဲ့ အချိန်ကိုက်လုပ်ဆောင်နိုင်ခြင်း မှန်ကန်တဲ့အချိန်မှာဂိုးသွင်းနိုင်ခဲ့တာလို့ဆိုလိုက်ပါတယ်။
Club Brugge ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ဂိုးသွင်းယူခဲ့တဲ့ အက်တလက်တီကို တိုက်စစ်မှူး ဂရစ်ဇမန်းဟာ ချန်ပီယံလိပ် ဂိုး၈၀၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်တဲ့သူအဖြစ်လည်းမှတ်တမ်းဝင်သွားပါတယ်။
Post a Comment