Header Ads


မက္ဆီကြင္းထဲမွာစြမ္းေဆာင္ျပတဲ့အရာေတြကမၫွမတာအလန္းဇယားေတြပါပဲ။--ေကာ္တင္ဟို


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ေကာ္တင္ဟိုက စပါးအသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ အသင္းအတြက္အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။အဆိုပါပြဲစဥ္က ဘာစီလိုနာအသင္းအတြက္အမ်ားႀကီးအေရးပါအရာေရာက္ခဲ့ၿပီး အဆိုပါပြဲစဥ္မွာ အိမ္႐ွင္လန္ဒန္သားတို႔ကိုခက္ခက္ခဲခဲအႏိုင္ယူကာ အနိင္၃မွတ္ရယူၿပီးအိမ္ျပန္လမ္းလွခဲ့ပါတယ္။

ဘရာဇီ္းလ္သား ကြင္းလယ္လူေကာ္တင္ဟိုက Movistar tVႏွင့္ေတြ႔ဆံုစဥ္မွာ သူက"ဒီပြဲက တကယ့္အသင္းေကာင္းနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့ကြင္းမွာ ခပ္ၾကမ္းၾကမ္းကစားခဲ့ရတဲ့ပြဲတစ္ခုျဖစ္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔အႏိုင္ယူဖို႔ဒီကိုေရာက္လာတာေၾကာင့္အဆိုပါရလဒ္ကိုရ႐ွိခဲ့တာပါ"လို႔သူကဆိုပါတယ္။

ေကာ္တင္ဟိုက အဆိုပါပြဲစဥ္မွာသူရဲ႕အေနအထားမွန္ကန္တဲ့ေနရာယူကစားႏိုင္တဲ့ အရည္အခ်င္းကိုျပသႏိုင္ခဲ့ပါတယ္။"ကြၽန္ေတာ္တို႔တကယ္အသင္းေကာင္းတစ္သင္းနဲ႔ကစားခဲ့ရတာပါ။ဒီလိုပြဲေတြက ခ်န္ပီယံလိဂ္ ရဲ႕မထင္မွတ္ထားႏိုင္တဲ့ အေတြ႔အၾကံဳအရသာေတြပါ။ကြၽန္ေတာ္တို႔ပြဲကိုေကာင္းေကာင္းအာရံုစိုက္ၿပီး လ်င္လ်င္ျမန္ျမန္ကစားႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ဒီပြဲရဲ႕အႏိုင္ရလဒ္ႏွင့္ထိုက္တန္ခဲ့တာပါ။"



ေကာ္တင္ဟိုရဲ႕အဖြင့္ဂိုးသြင္းယူၿပီးတဲ့ေနာက္မွာ အသင္းကစားသမားေတြက ေနရာေကာင္းေကာင္းရယူျပီးကစားဖို့အတြက္႐ွာေဖြေနခဲ့ပါတယ္။"ဒါကအရမ္းအေရးႀကီးပါတယ္။ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အသင္းေနာက္ဆံုး၃ပြဲမွာႏိုင္ပြဲနဲ႔ေဝးကြာေနတာေၾကာင့္အနိုင္ရလဒ္အရမ္းလိုခ်င္ေနခဲ့ပါတယ္။အခုအဲဒီအတားအဆီးႀကီးကိုေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။။ဂိုးသြင္းဖို႔အတြက္ စကၠန္႔တိုင္းမိနစ္တိုင္း တစ္သင္းလံုးက ကူညီေပးခဲ့ၾကပါတယ္။

ေနာက္တစ္ႀကိမ္က်ေတာ့ မက္ဆီကဘာစီလိုနာအသင္းအတြက္ တိတိက်က်ႀကိဳးစားဆံုးျဖတ္ၿပီးဂိုးသြင္းယူေပးခဲ့ပါတယ္။"မက္စီကအေကာင္းဆံုးပါပဲ ကြၽန္ေတာ္ေျပာရဲတယ္ သူကအခ်ိန္တိုင္းအတြက္အေကာင္းဆံုးျဖစ္တာရယ္သူကတစ္ဖက္အသင္းအေပၚမညႇာမတာဂိုးသြင္းတဲ့ဆိုတာပါပဲ။ဒီေန႔သူ၂ဂိုးသြင္းႏိုင္ခဲ့ေတာ့ ကြၽန္ေတာ္အရမ္းေပ်ာ္ရႊင္မိပါတယ္။"

ေကာ္တင္ဟိုက ပြဲစဥ္တိုင္းမွာအမွတ္အျပည့္ရယူဖို႔ဆာေလာက္ေနၿပီးအသင္းအတြက္အေရးႀကီးတယ္လို႔ဆိုပါတယ္။"ကြၽန္ေတာ္အသင္းဖလားအားလံုးကိုသိမ္းပိုက္နိင္မွာပါ။ဘာကာအသင္းက ၿပိဳင္ပြဲအတြင္းဝင္လာၿပီးဆို ပရိသတ္ေတြရဲ႕ေမ်ွာ္လင့္ခ်က္ျကီးျကီးမားမားေတြအတြက္ကစားတယ္။အဲဒါေၾကာင့္ၿပိဳင္ပြဲတိုင္း ရာႏႈန္းျပည့္အာရံုစိုက္ကစားျဖစ္ပါတယ္။"

(Unicode)

မက်ဆီကွင်းထဲမှာစွမ်းဆောင်ပြတဲ့အရာတွေကမညှမတာအလန်းဇယားတွေပါပဲ။--ကော်တင်ဟို





ကော်တင်ဟိုက စပါးအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်က ဘာစီလိုနာအသင်းအတွက်အများကြီးအရေးပါအရာရောက်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ အိမ်ရှင်လန်ဒန်သားတို့ကိုခက်ခက်ခဲခဲအနိုင်ယူကာ အနိင်၃မှတ်ရယူပြီးအိမ်ပြန်လမ်းလှခဲ့ပါတယ်။



ဘရာဇီ်းလ်သား ကွင်းလယ်လူကော်တင်ဟိုက Movistar tVနှင့်တွေ့ဆုံစဉ်မှာ သူက"ဒီပွဲက တကယ့်အသင်းကောင်းနဲ့ ခက်ခဲကြမ်းတမ်းတဲ့ကွင်းမှာ ခပ်ကြမ်းကြမ်းကစားခဲ့ရတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့အနိုင်ယူဖို့ဒီကိုရောက်လာတာကြောင့်အဆိုပါရလဒ်ကိုရရှိခဲ့တာပါ"လို့သူကဆိုပါတယ်။



ကော်တင်ဟိုက အဆိုပါပွဲစဉ်မှာသူရဲ့အနေအထားမှန်ကန်တဲ့နေရာယူကစားနိုင်တဲ့ အရည်အချင်းကိုပြသနိုင်ခဲ့ပါတယ်။"ကျွန်တော်တို့တကယ်အသင်းကောင်းတစ်သင်းနဲ့ကစားခဲ့ရတာပါ။ဒီလိုပွဲတွေက ချန်ပီယံလိဂ် ရဲ့မထင်မှတ်ထားနိုင်တဲ့ အတွေ့အကြုံအရသာတွေပါ။ကျွန်တော်တို့ပွဲကိုကောင်းကောင်းအာရုံစိုက်ပြီး လျင်လျင်မြန်မြန်ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီပွဲရဲ့အနိုင်ရလဒ်နှင့်ထိုက်တန်ခဲ့တာပါ။"



ကော်တင်ဟိုရဲ့အဖွင့်ဂိုးသွင်းယူပြီးတဲ့နောက်မှာ အသင်းကစားသမားတွေက နေရာကောင်းကောင်းရယူပြီးကစားဖို့အတွက်ရှာဖွေနေခဲ့ပါတယ်။"ဒါကအရမ်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းနောက်ဆုံး၃ပွဲမှာနိုင်ပွဲနဲ့ဝေးကွာနေတာကြောင့်အနိုင်ရလဒ်အရမ်းလိုချင်နေခဲ့ပါတယ်။အခုအဲဒီအတားအဆီးကြီးကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။။ဂိုးသွင်းဖို့အတွက် စက္ကန့်တိုင်းမိနစ်တိုင်း တစ်သင်းလုံးက ကူညီပေးခဲ့ကြပါတယ်။



နောက်တစ်ကြိမ်ကျတော့ မက်ဆီကဘာစီလိုနာအသင်းအတွက် တိတိကျကျကြိုးစားဆုံးဖြတ်ပြီးဂိုးသွင်းယူပေးခဲ့ပါတယ်။"မက်စီကအကောင်းဆုံးပါပဲ ကျွန်တော်ပြောရဲတယ် သူကအချိန်တိုင်းအတွက်အကောင်းဆုံးဖြစ်တာရယ်သူကတစ်ဖက်အသင်းအပေါ်မညှာမတာဂိုးသွင်းတဲ့ဆိုတာပါပဲ။ဒီနေ့သူ၂ဂိုးသွင်းနိုင်ခဲ့တော့ ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။"



ကော်တင်ဟိုက ပွဲစဉ်တိုင်းမှာအမှတ်အပြည့်ရယူဖို့ဆာလောက်နေပြီးအသင်းအတွက်အရေးကြီးတယ်လို့ဆိုပါတယ်။"ကျွန်တော်အသင်းဖလားအားလုံးကိုသိမ်းပိုက်နိင်မှာပါ။ဘာကာအသင်းက ပြိုင်ပွဲအတွင်းဝင်လာပြီးဆို ပရိသတ်တွေရဲ့မျှော်လင့်ချက်ကြီးကြီးမားမားတွေအတွက်ကစားတယ်။အဲဒါကြောင့်ပြိုင်ပွဲတိုင်း ရာနှုန်းပြည့်အာရုံစိုက်ကစားဖြစ်ပါတယ်။"

No comments

Powered by Blogger.