Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပိန်ရဲ့ အခွန်တာဝန်ရှိသူတွေကို အိတ်စိုက်ငွေထုတ်ပြီးအခွန်ဆောင်ခဲ့ပြီးနောက် မက်ဆီနဲ့ ဘာစီလိုနာတို့ လုပ်ဆောင်ခဲ့ကြတဲ့ ပုံစံအတိုင်း ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ ကို ငွေကြေးပိုင်းထိခိုက်သွားမှုကြောင့်လစာတိုးစာချုပ်သစ်ချုပ်ဆိုစေဖို့ မျှော်လင့်ခဲ့ပါတယ်။
(Unicode)
ရီးရဲလ်မက်ဒရစ်အသင်းကနေထွက်ခွာခဲ့ရတဲ့အကြောင်းအရင်းကိုဖွင့်ဟဝန်ခံသွားတဲ့ရိုနယ်ဒို
ရီးရဲလ်မက်ဒရစ်အသင်းဟ ဒီနှစ် ဂျူလိုင်လမှာ အသင်းရဲ့အဓိကစားသမားရိုနယ်ဒိုနဲ့လမ်းခွဲခဲ့ကြပါတယ်။ ဒါပင်မယ့်လည်း ရိုနယ်ဒို တစ်ယောက်ဘာနေဗျုကနေထွက်ခွာဖို့ ဆိုင်းပျင်းခဲ့တာဟာ ၂၀၁၇ ခုနှစ် မေလပိုင်းထဲက ဖြစ်တယ်လို့သိရပါတယ်။
သူ့ရဲ့အဓိက ပြဿနာကတော့ စပိန်ရဲ့အခွန်ဥပဒေကြောင့်လို့ဆိုနိုင်ပြီး အဆိုပါ ဥပဒေကြောင့် ရိုနယ်ဒိုတစ်ယောက် တူရင်မြို့အခြေစိုက် ဂျူဗင်တပ်စ်ဆီပြောင်းခဲ့ရပါတယ်။
ရိုနယ်ဒို နဲ့သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ် ရယ်၊ အကြံပေးတို့ဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ခုနှစ် မေလက ရိုနယ်ဒို ရဲ့အိမ်မှာအဆိုပါကိစ္စနဲ့ပတ်သတ်ပြီးဆွေးနွေးခဲ့ကြပါတယ်။
“ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော် စွန့်စွန့်စားစားတွေမလုပ်ချင်ဘူး။” လို့ရိုနယ်ဒိုက သူ့ရဲ့အကြံပေးကို ပြောကြားခဲ့ပါတယ်။ ပြဿနာကတော့ အခွန်တိမ်ရှောင်မှုကြောင့် တရားဥပဒေနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။
“ ကျွန်တော် စာတွေဘာတွေ မကျက်မှတ်ခဲ့ဖူးပါဘူး။ ကျွန်တော့်ဘဝမှာ ဘောလုံးကစားတဲ့အလုပ်တစ်ခုပဲလုပ်ခဲ့တာပါ။ဒါပင်မယ့် ကျွန်တော်မမိုက်မဲပါဘူး။ကျွန်တော်ဘယ်သူ့ကိုမှ မယုံပါဘူး။”
“ အဲ့ဒါကြောင့် ရာပြတ်သမားတစ်ယောက်ကို ကျွန်တော်ငှားရမ်းခဲ့ပြီး တောင်းဆိုလာသမ ျှ ၃၀% ထက်ပိုပြီးကျွန်တော်ပေးဆောင်ခဲ့ပါတယ်။”
“ ဘာလို့လဲဆိုတော့ ကျွန်တော်ပြဿနာမတက်ချင်လို့ပါ။”
အဆိုပါ ရိုနယ်ဒို တို့ရဲ့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ရှေ့နေ ကာလို့စ်အော့စ်အိုရီအို ကတော့ ရိုနယ်ဒိုဟာ ဘဏ္ဍာရေးပြဿနာကြောင့် ဒဏ်ငွေဆောင်ရနိုင်ကြောင်းရှင်းပြခဲ့ပါတယ်။ ဒါပင်မယ့်လည်း ရိုနယ်ဒိုကို စိတ်မပူဖို့တိုက်တွန်းခဲ့ပါတယ်။
လအနည်းငယ်ကြာပြီးတဲ့ နောက်အခွန်အဏာပိုင်တွေနဲ့ပတ်သတ်ပြီး လုပ်ပိုင်ခွင့်များကို ကတိတည်စွာလုပ်ဆောင်နေတဲ့အချိန်မှာတော့ ရိုနယ်ဒိုတစ်ယောက်အကြီးအကျယ် ဒေါသထွက်သွားပါတော့တယ်။
“ အခွန်မဆောင်ပါနဲ့လို့ကျွန်တော်ဘယ်တုန်းကမှမပြောခဲ့ဘူး” 
“ ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော်သိချင်တာ၊ ကျွန်တော် ဘယ်အရာမှ နားမလည်တော့ဘူး။ အခွန်ဆိုတာ စပွန်ဆာတွေက ပေးသင့်တာမဟုတ်လား?ဒါဆိုဘာလို့ကျွန်တော့်ကိုစွပ်စွဲနေကြတာလဲ??
စပိန်ရဲ့အခွန်တာဝန်ရှိသူတွေကို အိတ်စိုက်ငွေထုတ်ပြီးအခွန်ဆောင်ခဲ့ပြီးနောက် မက်ဆီနဲ့ဘာစီလိုနာတို့လုပ်ဆောင်ခဲ့ကြတဲ့ ပုံစံအတိုင်း ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ငွေကြေးပိုင်းထိခိုက်သွားမှုကြောင့်လစာတိုးစာချုပ်သစ်ချုပ်ဆိုစေဖို့မေ ျှာ်လင့်ခဲ့ပါတယ်။
ရိုနယ်ဒို ကသူ့ရဲ့အကြံပေးတွေက သူ့ကိုသစ္စာဖောက်ခဲ့သလို မြင်ခဲ့တာကြောင့်  ရိုနယ်ဒိုကို အသင်းမှာဆက်ရှိစေဖို့ရီးရဲလ်အသင်းက အလိုရှိခဲ့ပါသေး တယ်။
ရိုနယ်ဒို တစ်ယောက်စဉ်းစားတွေဝေသွားခဲ့တာကတော့ သူ့ရဲ့ပြိုင်ဘက်မက်ဆီဟာ သူ့ထက် လစာ၂ဆ အထိရရှိနေသလို နေမာဟာလည်း PSG ကို ပြောင်းရွှေ့ပြီးနောက်ထိပ်တန်းလစာဇယားမှာသူ့ထက်သာလွန်သွားတာကြောင့် ပဲဖြစ်ပါတယ်။
သူ ပိုပြီးဒေါသထွက်သွားစေတဲ့ အကြောင်းကတော့ ရိုနယ်ဒိုဟာ အသင်းအဝတ်လဲခန်းထဲမှာ ဒီကိစ္စတွေကို ပဲ အလွန်အကျွံဆွေးနွေးနေတာကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့နည်းပြဇီဒန်းက အသင်းဒါရိုက်တာတွေကို တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင်ရီးရဲလ်ရဲ့ထာဝရအကောင်းဆုံးကစားသမား စတီဖာနိုနဲ့ပတ်သတ်ပြီး သူဟာ အမြဲအနှိုင်းယှဉ်ခံ အနိမ်ခံခဲ့ရပါတယ်။
“ သူတို့က ကျွန်တော့်ကို ဒီစတီဖာနိုနောက်မှာ ပဲရှိတယ်လို့အမြဲသတ်မှတ်ထားကြတယ်။ကျွန်တော်ဘာတွေပို လုပ်ပြပေးရမလဲမသိတော့ပါဘူး။”
နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ် နဲ့ရိုနယ်ဒိုတို့ဟာ ဤနေရာမှာတင် ဇာတ်လမ်းသိမ်းခဲ့ပြီး အီတလီမှာ စွန့်စားခန်း ဖွင့်ဖို့ရိုနယ်ဒိုတစ်ယောက်ဆုံးဖြတ်လိုက်ပါတော့တယ်။
No comments
Powered by Blogger.