Header Ads


ဘာစီလိုနာအသင္းရဲ႕က်ဆုံးခန္းေရာက္ၿပီလား??




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လာလီဂါ ရဲ႕ဘုရင္တစ္ဆူလို႔ေျပာလို႔ရတဲ့ ဘာစီလိုနာ အသင္းဟာ လက္ရိွအခ်ိန္ေျခစြမ္းဟာ၁၃ႏွစ္အတြင္း အဆိုးဆုံးအေနအထားလို႔ဆိုနိုင္ပါ တယ္။

ဘာကာအသင္းရဲ႕အဆိုးဆုံးေနရာက ခံစစ္အပိုင္းျဖစ္ေနၿပီး ယခုနႇစ္ရာသီမွာ cleam sheetရရွိသည့္ ပဲြစဥ္၂ခုသာရိွပါေသးသည္။လာလီဂါပြဲစဥ္၇ပဲြၿပီးေနာက္ ၈ဂိုးအထိေပးထားရပါတယ္။ယခုအေျခအေနက ၿပီးခဲ့တဲ့ရာသီမွာ၁၉ပြဲကစားၿပီးေနာက္ရ႐ွိလာသည့္အေျခအေနႏွင့္တူညီေနပါတယ္။

ေနာက္ေၾကာင္းျပန္ၾကည့္မယ္ဆိုရင္္ျဖင့္ ၂၀၀၅ -၂၀၀၆ရာသီ နည္းျပ ရစ္ကဒ္ရဲ႕လက္ေအာက္မွာတုန္းကလည္းယခုလို္ျဖစ္ခဲ့ဖူးပါတယ္။ရိုနယ္လ္ဒင္ဟို ၊အိီတိုး၊ ေဒးကို တို႔ခ်န္ပီယံလိဂ္ဖလားနင့္ အမွတ္ေပးဖလားကိုသိမ္းပိုက္ခဲ့ၿပီးေနာက္ရာသီအသစ္မွာ ရက္သတၱပတ္ ၇ပတ္ကစားၿပီးတဲ့ေနာက္ မွာ၁၀ဂိုးေပးထားရၿပီး အဆင္၆ေနရာမွာ ၁၀မွတ္နွင့္ရပ္တည္ေနခဲ့ပါတယ္။သို႔ေသာ္လည္းပဲယခုအေျခအေနေလာက္ သံသယျဖစ္စရာေကာင္းေလာက္ေအာင္ဆိုးရြားခဲ့ျခင္းမရွိပါဘူး။


ဘာကာအသင္းကအိမ္ကြင္းႏူးကမ့္မွာအက္တလက္တစ္အသင္းကို ၁ဂိုးစီသေရက်ၿပီးအသင္းရဲ႕ပရိသတ္ေတြကို ဆိုးရြာလွတဲ့အရသာကိုခံစားေစခဲ့ပါတယ္။ယခုနွစ္ရာသီအတြင္းမွာပဲ ဂီရိုနာအသင္းကို ၂ဂိုးစီသေရကစားထားၿပီး လီဂန္းအသင္းကို၂ဂိုးတစ္ဂိုးႏွင့္႐ွံုးနိမ့္ထားပါေသးသည္။

ဗဲလ္ဗာဒီကေတာ့သူရဲ႕ကစားကြက္ကိုတျဖည္းျဖည္းခ်ဲ ့ထြင္ကစားမည္ဆိုေနေသာ္လည္း ဘာစီလိုနာအသင္းရဲ႕ မူလကစားကြက္ကပ်က္စီးေနျပီး ယခုအေနအထားကေမးခြန္းထုတ္စရာေကာင္းေလာက္ေအာင္္ျဖစ္ေနပါတယ္။အသင္းရဲ႕ကစားဟန္ကပ်က္စီးစုတ္္ျပတ္ေနၿပီလို႔ေဝဖန္သံေတြညံေနပါၿပီ။



ဘာစီလိုနာအသင္းက မက္ဆီအေပၚမွီခိုမႈကသိသိသာသာထင္ရွားလာေနပါတယ္။မက္ဆီက အသင္းရဲ႕ဖန္တီးမႈ၁၈ျကိမ္မွာ ၅ဂိုးကိုသာ သြင္းယူထားနိုင္ခဲ့ပါတယ္။အက္တလက္တစ္အသင္းနွင့္ပဲြစဥ္မွာလည္းတိုက္စစ္မႈး မူနီးရ္ သာဂိုးမသြင္းနိုင္ခဲ့လ်ွင္အ႐ႈံး ႏွင့္ရင္ဆိုင္ရမွာအမွန္ပင္ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက မက္ဆီမပါဝင္ခဲ့တဲ့ ၇ပြဲမွာ ၅ပြဲသေရက်ထားၿပီး ၂ပြဲသာအနိုင္ရရိွထားခဲ့ပါတယ္။ဒီအေျခအေနကိုၾကည့္မယ္ဆိုရင္ ဘာစီလိုနာ အသင္းက မက္ဆ္ီအေပၚမွီခို ႏႈန္းအရမ္းမ်ားေနတယ္ဆိုတာေပၚလြင္ေနပါတယ္။



စာေရးသူအျမင္ေလ့လာသုံးသပ္ရမည့္ဆိုရင္ ဘာစီလိုနာအသင္းက ကြင္းလယ္းအားေလ်ာ့ေနပါတယ္။ ကစားသမားေဟာင္းအင္နီစတာမ႐ွိေတာ့တဲ့ေနာက္ပိုင္းမွာ အမ်ားႀကီးေလ်ာ့က် သြားၿပီးသူေနရာကိုေကာင္းေကာင္းျဖည့္တင္းဖို႔အတြက္ဆိုရင္ လူကာမိုဒရစ္ ကဲ့သို႔ဝါရင့္သမာရင့္ကစားသမားတစ္ဦးကို္မျဖစ္မေနေခၚယူရန္လိုအပ္ေနပါတယ္။

ဘာစီလိုနာအသင္းရဲ႕မဟာၿပိဳင္ဖက္ရီးရဲလ္မက္ဒရစ္အသင္းကလည္းအဓိကကစားသမား႐ိုနယ္လ္ဒိုကိုေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္မွာအသင္းရဲ႕ကစားအားကသိသိသာသာက်ဆင္းခဲ့ေသာ္လည္းလက္႐ွိအခ်ိန္ထိတိုက္စစ္မႈးေဘးလ္ႏွင့္ေကာင္းေကာင္းထိန္းသိမ္းထားႏိုင္ေသးတာေၾကာင့္ဘာစီလိုနာအသင္းႏွင့္ယွဥ္ၾကည့္အမ်ားႀကီး ေျခေနမဆိုးေသးဘူးလို့ ဆိုႏိုုင္ပါတယ္။

(Unicode)

ဘာစီလိုနာအသင်းရဲ့ကျဆုံးခန်းရောက်ပြီလား??


လာလီဂါ ရဲ့ဘုရင်တစ်ဆူလို့ပြောလို့ရတဲ့ ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်ခြေစွမ်းဟာ၁၃နှစ်အတွင်း အဆိုးဆုံးအနေအထားလို့ဆိုနိုင်ပါ တယ်။

ဘာကာအသင်းရဲ့အဆိုးဆုံးနေရာက ခံစစ်အပိုင်းဖြစ်နေပြီး ယခုနှစ်ရာသီမှာ cleam sheetရရှိသည့် ပွဲစဉ်၂ခုသာရှိပါသေးသည်။လာလီဂါပွဲစဉ်၇ပွဲပြီးနောက် ၈ဂိုးအထိပေးထားရပါတယ်။ယခုအခြေအနေက ပြီးခဲ့တဲ့ရာသီမှာ၁၉ပွဲကစားပြီးနောက်ရရှိလာသည့်အခြေအနေနှင့်တူညီနေပါတယ်။

နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်ဖြင့် ၂၀၀၅ -၂၀၀၆ရာသီ နည်းပြ ရစ်ကဒ်ရဲ့လက်အောက်မှာတုန်းကလည်းယခုလိုဖြစ်ခဲ့ဖူးပါတယ်။ရိုနယ်လ်ဒင်ဟို ၊အီတိုး၊ ဒေးကို တို့ချန်ပီယံလိဂ်ဖလားနင့် အမှတ်ပေးဖလားကိုသိမ်းပိုက်ခဲ့ပြီးနောက်ရာသီအသစ်မှာ ရက်သတ္တပတ် ၇ပတ်ကစားပြီးတဲ့နောက် မှာ၁၀ဂိုးပေးထားရပြီး အဆင်၆နေရာမှာ ၁၀မှတ်နှင့်ရပ်တည်နေခဲ့ပါတယ်။သို့သော်လည်းပဲယခုအခြေအနေလောက် သံသယဖြစ်စရာကောင်းလောက်အောင်ဆိုးရွားခဲ့ခြင်းမရှိပါဘူး။

ဘာကာအသင်းကအိမ်ကွင်းနူးကမ့်မှာအက်တလက်တစ်အသင်းကို ၁ဂိုးစီသရေကျပြီးအသင်းရဲ့ပရိသတ်တွေကို ဆိုးရွာလှတဲ့အရသာကိုခံစားစေခဲ့ပါတယ်။ယခုနှစ်ရာသီအတွင်းမှာပဲ ဂီရိုနာအသင်းကို ၂ဂိုးစီသရေကစားထားပြီး လီဂန်းအသင်းကို၂ဂိုးတစ်ဂိုးနှင့်ရှုံးနိမ့်ထားပါသေးသည်။

ဗဲလ်ဗာဒီကတော့သူရဲ့ကစားကွက်ကိုတဖြည်းဖြည်းချဲ့ထွင်ကစားမည်ဆိုနေသော်လည်း ဘာစီလိုနာအသင်းရဲ့ မူလကစားကွက်ကပျက်စီးနေပြီး ယခုအနေအထားကမေးခွန်းထုတ်စရာကောင်းလောက်အောင်ဖြစ်နေပါတယ်။အသင်းရဲ့ကစားဟန်ကပျက်စီးစုတ်ပြတ်နေပြီလို့ဝေဖန်သံတွေညံနေပါပြီ။

ဘာစီလိုနာအသင်းက မက်ဆီအပေါ်မှီခိုမှုကသိသိသာသာထင်ရှားလာနေပါတယ်။မက်ဆီက အသင်းရဲ့ဖန်တီးမှု၁၈ကြိမ်မှာ ၅ဂိုးကိုသာ သွင်းယူထားနိုင်ခဲ့ပါတယ်။အက်တလက်တစ်အသင်းနှင့်ပွဲစဉ်မှာလည်းတိုက်စစ်မှုး မူနီးရ် သာဂိုးမသွင်းနိုင်ခဲ့လျှင်အရှုံး နှင့်ရင်ဆိုင်ရမှာအမှန်ပင်ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက မက်ဆီမပါဝင်ခဲ့တဲ့ ၇ပွဲမှာ ၅ပွဲသရေကျထားပြီး ၂ပွဲသာအနိုင်ရရှိထားခဲ့ပါတယ်။ဒီအခြေအနေကိုကြည့်မယ်ဆိုရင် ဘာစီလိုနာ အသင်းက မက်ဆ်ီအပေါ်မှီခို နှုန်းအရမ်းများနေတယ်ဆိုတာပေါ်လွင်နေပါတယ်။

စာရေးသူအမြင်လေ့လာသုံးသပ်ရမည့်ဆိုရင် ဘာစီလိုနာအသင်းက ကွင်းလယ်းအားလျော့နေပါတယ်။ ကစားသမားဟောင်းအင်နီစတာမရှိတော့တဲ့နောက်ပိုင်းမှာ အများကြီးလျော့ကျ သွားပြီးသူနေရာကိုကောင်းကောင်းဖြည့်တင်းဖို့အတွက်ဆိုရင် လူကာမိုဒရစ် ကဲ့သို့ဝါရင့်သမာရင့်ကစားသမားတစ်ဦးကိုမဖြစ်မနေခေါ်ယူရန်လိုအပ်နေပါတယ်။

ဘာစီလိုနာအသင်းရဲ့မဟာပြိုင်ဖက်ရီးရဲလ်မက်ဒရစ်အသင်းကလည်းအဓိကကစားသမားရိုနယ်လ်ဒိုကိုရောင်းချခဲ့ပြီးတဲ့နောက်မှာအသင်းရဲ့ကစားအားကသိသိသာသာကျဆင်းခဲ့သော်လည်းလက်ရှိအချိန်ထိတိုက်စစ်မှုးဘေးလ်နှင့်ကောင်းကောင်းထိန်းသိမ်းထားနိုင်သေးတာကြောင့်ဘာစီလိုနာအသင်းနှင့်ယှဉ်ကြည့်အများကြီး ခြေနေမဆိုးသေးဘူးလို့ ဆိုနိုင်ပါတယ်။

No comments

Powered by Blogger.