အင်္ဂါ နေ့ ရဲ့ အဟော့အဖြစ်ဆုံးနောက်ဆုံးရဘောလုံးသတင်းတိုများစုစည်းမှု
(Unicode)
၂၀၀၉ ခုနှစ် ဂျွန် ၁၃ ရက်နေ့လက်စ်ဗီးဂတ်စ် ဟော်တယ်အခန်းမှာ မော်ဒယ်Kathryn Mayorga ကို မဒိန်းကျင့်ခဲ့တယ်လို့ဂျူဗင်တပ်စ်တိုက်စစ်မှူး ရိုနယ်ဒို တစ်ယောက်အစွပ်စွဲခံထားရတာကြောင့် ရဲတပ်ဖွဲ့ဝင်များဟာ အဆိုပါကိစ္စကို ပြန်လည်းစစ်ဆေးတော့မယ်လို့သိရပါတယ်။
PSG တောင်ပံကစားသမား ဒီမာရီယာဟာ အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့တယ်လို့သိရပါတယ်။
မော်ရင်ဟို သာ ယူနိုက်တက်အသင်းကနေမထွက်ခွာပါက လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောမယ်လို့ အသင်းဖော်တွေကို ပေါ့ဘာတစ်ယောက်ပြောကြားခဲ့ပါတယ်။
စပါးနည်းပြပိုချက်တီနိုက ဘာစီလိုနာစတားမက်ဆီကို ရပ်တန့်ဖို့ခက်ခဲလိမ့်မယ်လို့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိပ်ပွဲမတိုင်ခင်ဝန်ခံပြောကြားလိုက်ပါတယ်။
ဗလန်စီယာအသင်းရဲ့ မန်နေဂျာ မာဆီလီနိုဂါစီယာက ယူနိုက်တက်အသင်းဟာ ဥရောပထိပ်တန်းအသင်းကြီး ၃သင်းစာရင်းမှာ ပါဝင်ပြီး ရုပ်ပိုင်းဆိုင်ရာအရအတောင့်တင်းဆုံးအသင်းတစ်သင်းအဖြစ်ရှိနေဆဲဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့လို တစ်ရာသီ ဂိုး၆၀ လောက်မသွင်းယူနိုင်ကြောင်း၊ဒါကို အင်ဒီဟာဇက်တစ်ယောက်ထဲမလုပ်နိုင်ကြောင်း၊ဂီရူးလည်း ဂိုး၂၀ကျော် မစွမ်းဆောင်နိုင်သလို မော်ရာတာဟာကလည်း ရုန်းကန်နေရတယ်လို့ဂျာမေကာကစားသမားဟောင်း ဆင့်ကလဲယား ကဝေဖန်ပြောကြားသွားပါတယ်။
Post a Comment