Header Ads


စီးရီေအဟာ ႐ိုနယ္ဒိုအတြက္ လြယ္ကူမယ့္လိပ္ျဖစ္လာမွာမဟုတ္ပါဘူး။-ကာဖူး


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ရီးရဲလ္မက္ဒရစ္အသင္း ၾကယ္ပြင့္ေဟာင္း ႐ိုနယ္လ္ဒိုအတြက္စီးရီးေအ တိုက္ပြဲနွင္႔ သူရဲ႔အသင္းသစ္က လြယ္ကူဖို႔မ႐ွိဘူးလို႔ ဘရာဇီးလ္ဂႏၲဝင္ကစားသမား ကာဖူးကဆိုပါတယ္။

႐ိုနယ္လ္ဒိုအတြက္ သူရဲ႕ပထမဦးဆံုးစီးရီးေအရာသိိ္ီအေတြ႔အၾကံဳကသူကိုနာက်င္မႈေတြေပးပါလိမ့္မည္လို႔ကာဖူးကဆိုပါတယ္။ဂ်ဴဗင္တပ္အသင္းကသူ႔ကို ေျပာင္းေရြ႔ေၾကးမ်ားျပားစြာအသံုးျပဳၿပီး ရီးရဲလ္ အသင္းထံမွေခၚယူထားပါတယ္။

ေပၚတူဂီသား႐ိုနယ္လ္ဒိုက သူရဲ႕စီးရီးေအအဖြင့္ပြဲစဥ္ေတြဟာေမ်ွာ္မွန္းသေလာက္ေကာင္းေကာင္းမြန္မြန္ျဖတ္သန္းႏိုင္ခဲ့ျခင္းမ႐ွိပါဘူး။အဖြင့္ပြဲစဥ္သံုးပြဲေလာက္အေတာ္႐ုန္းကန္ကစားခဲ့ရပါတယ္။

႐ိုနယ္လ္ဒိုဟာ သူရဲ႕ပြဲဦးထြက္ပြဲစဥ္ေတြမွာဂိုးသြင္းယူဖို႔႐ုန္းကန္ခဲ့ရေသာ္လည္းလက္႐ွိေနာက္ဆံုး စီးရီးေအ ၄ပြဲမွာ ၃ဂိုးအထိသြင္းယူေပးခဲ့ကာ နာပိုလီအသင္းကို ၃ဂိုး ၁ဂိုးႏွင့္အႏိုင္ရ႐ွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးဖန္တီးမႈမ်ားျပဳလုပ္ေပးခဲ့ကာ အသင္းကိုအေကာင္းဆံုး ေပးဆပ္ခဲ့ပါတယ္။

ကာဖူးက စီးရီးေအေလာကမွာ ၁၁ႏွစ္ၾကာကစားဖူးခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး႐ိုးမားအသင္းႏွင့္ေအစီမီလန္အသင္းတို႔မွာ အ႐ိုးေၾကေၾကအရည္ခမ္းခမ္းကစားေပးခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။သူက ႐ိုနယ္လ္ဒိုအေနႏွင့္စီးရီးေအၿပိဳင္ပြဲက လာလီဂါႏွင့္ယွဥ္ၾကည့္လ်ွင္အမ်ားႀကီးကြာျခားမႈ႐ွိၿပီး ႐ိုနယ္လ္ဒို အေနႏွင့္အခက္အခဲမ်ားၾကံဳေတြ႔လာႏိုင္တယ္လို႔ယံုၾကည္ေနပါတယ္။



"သူၿပိဳင္ဆိုင္မႈျပင္းထန္တာေၾကာင့္ေဝဒနာအနည္းငယ္ေတာ့ခံစားရႏိုင္ပါတယ္ ဘာလို႔လဲဆိုေတာ့ စီးရီးေအက လာလီဂါထပ္အမ်ားႀကီးခက္ခဲၾကမ္းတမ္းၿပီး အသင္းလိုက္လႈပ္႐ွားအားႏွင့္ၾကံခိုင္မႈကိုအသားေပးကစားတာေၾကာင့္ပါလို႔"ကာဖူးက ESPNသတင္းကိုေျပာၾကားခဲ့ပါတယ္။

"ဒါေပမယ့္႐ိုနယ္လ္ဒိုကေတာ့အျမဲ႐ိုနယ္လ္ဒိုပါပဲ။သူက ကမ႓ာအေကာင္းဆံုး ကစားသမားတစ္ဦးလည္းျဖစ္ၿပီး သူကစီးရီးေအလိဂ္ကို အင္အားတိုးတက္လာေအာင္ေပးစြမ္းႏိုင္ပါလိမ့္မယ္"

အသက္၃၃ႏွစ္အရြယ္႐ိုနယ္လ္ဒိုက ဂ်ဴဗင္တပ္စ္အသင္း မွာေနရာရ႐ွိေနၿပီးခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အေနျဖင့္ယန္းဘြိဳင္းအသင္းႏွင့္ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္ကို ဗလင္စီယာအသင္း ႏွင့္ပြဲစဥ္ကရ ႐ွိခဲ့တဲ့ အနီကဒ္ျပစ္ဒဏ္ေၾကာင့္လႊဲေခ်ာ္မည္ျဖစ္ပါတယ္။



(Unicode)

ရီးရဲလ်မက်ဒရစ်အသင်း ကြယ်ပွင့်ဟောင်း ရိုနယ်လ်ဒိုအတွက်စီးရီးအေ တိုက်ပွဲနှင့် သူရဲ့အသင်းသစ်က လွယ်ကူဖို့မရှိဘူးလို့ ဘရာဇီးလ်ဂန္တဝင်ကစားသမား ကာဖူးကဆိုပါတယ်။

ရိုနယ်လ်ဒိုအတွက် သူရဲ့ပထမဦးဆုံးစီးရီးအေရာသီအတွေ့အကြုံကသူကိုနာကျင်မှုတွေပေးပါလိမ့်မည်လို့ကာဖူးကဆိုပါတယ်။ဂျူဗင်တပ်အသင်းကသူ့ကို ပြောင်းရွေ့ကြေးများပြားစွာအသုံးပြုပြီး ရီးရဲလ် အသင်းထံမှခေါ်ယူထားပါတယ်။

ပေါ်တူဂီသားရိုနယ်လ်ဒိုက သူရဲ့စီးရီးအေအဖွင့်ပွဲစဉ်တွေဟာမျှော်မှန်းသလောက်ကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်ခဲ့ခြင်းမရှိပါဘူး။အဖွင့်ပွဲစဉ်သုံးပွဲလောက်အတော်ရုန်းကန်ကစားခဲ့ရပါတယ်။

ရိုနယ်လ်ဒိုဟာ သူရဲ့ပွဲဦးထွက်ပွဲစဉ်တွေမှာဂိုးသွင်းယူဖို့ရုန်းကန်ခဲ့ရသော်လည်းလက်ရှိနောက်ဆုံး စီးရီးအေ ၄ပွဲမှာ ၃ဂိုးအထိသွင်းယူပေးခဲ့ကာ နာပိုလီအသင်းကို ၃ဂိုး ၁ဂိုးနှင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှုများပြုလုပ်ပေးခဲ့ကာ အသင်းကိုအကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်။

ကာဖူးက စီးရီးအေလောကမှာ ၁၁နှစ်ကြာကစားဖူးခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီးရိုးမားအသင်းနှင့်အေစီမီလန်အသင်းတို့မှာ အရိုးကြေကြေအရည်ခမ်းခမ်းကစားပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူက ရိုနယ်လ်ဒိုအနေနှင့်စီးရီးအေပြိုင်ပွဲက လာလီဂါနှင့်ယှဉ်ကြည့်လျှင်အများကြီးကွာခြားမှုရှိပြီး ရိုနယ်လ်ဒို အနေနှင့်အခက်အခဲများကြုံတွေ့လာနိုင်တယ်လို့ယုံကြည်နေပါတယ်။

"သူပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ဝေဒနာအနည်းငယ်တော့ခံစားရနိုင်ပါတယ် ဘာလို့လဲဆိုတော့ စီးရီးအေက လာလီဂါထပ်အများကြီးခက်ခဲကြမ်းတမ်းပြီး အသင်းလိုက်လှုပ်ရှားအားနှင့်ကြံခိုင်မှုကိုအသားပေးကစားတာကြောင့်ပါလို့"ကာဖူးက ESPNသတင်းကိုပြောကြားခဲ့ပါတယ်။

"ဒါပေမယ့်ရိုနယ်လ်ဒိုကတော့အမြဲရိုနယ်လ်ဒိုပါပဲ။သူက ကမ္ဘာအကောင်းဆုံး ကစားသမားတစ်ဦးလည်းဖြစ်ပြီး သူကစီးရီးအေလိဂ်ကို အင်အားတိုးတက်လာအောင်ပေးစွမ်းနိုင်ပါလိမ့်မယ်"

အသက်၃၃နှစ်အရွယ်ရိုနယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်း မှာနေရာရရှိနေပြီးချန်ပီယံလိဂ်အုပ်စုပွဲစဉ်အနေဖြင့်ယန်းဘွိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ကို ဗလင်စီယာအသင်း နှင့်ပွဲစဉ်ကရ ရှိခဲ့တဲ့ အနီကဒ်ပြစ်ဒဏ်ကြောင့်လွှဲချော်မည်ဖြစ်ပါတယ်။



No comments

Powered by Blogger.