Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



ယူနိုက်တက်အသင်းရဲ့အဓိကပြသာနာတွေပိုမိုကြီးမားလာစေတဲ့အကြောင်းအရင်းတွေက အိမ်ကွင်းမှာ ဝုဗ်အသင်းကိုသရေကျခဲ့ပြီး ကာရာဘောင်ဖလားမှာ ဒါဘီအသင်းကိုရှုံးနိမ့်ခဲ့တဲ့အပြင် မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို၃ဂိုး၁ဂိုးနှင့်ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာခဲ့ပါတယ်။










(Unicode)

ယူနိုက်တက်ရဲ့ရလဒ်ဆိုးရွားနေမှုအပေါ်ပြန်လည်တုံ့ပြန်ပြောကြားခဲ့တဲ့အက်ရှ်လေယန်း

ဂျိုဆေးမော်ရင်ဟို ဟာလက်ရှိအချိန်မှာ ဆိုးရွားလာတဲ့အခြေအနေကြောင့်ဝေဖန်သူများပြားနေပြီး နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ပြီးနောက်အဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေပါပြီ။

ယူနိုက်တက်အသင်းရဲ့အဓိကပြသာနာတွေပိုမိုကြီးမားလာစေတဲ့အကြောင်းအရင်းတွေက အိမ်ကွင်းမှာ ဝုဗ်အသင်းကိုသရေကျခဲ့ပြီး ကာရာဘောင်ဖလားမှာ ဒါဘီအသင်းကိုရှုံူးနိမ့်ခဲ့တဲ့အပြင် မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို၃ဂိုး၁ဂိုးနှင့်ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသင်းက အများအမြင်မှာဆိုးရွားနေပြီးအထင်ကြီးစရာကောင်းတဲ့ပုံစံမရှိဘဲဖြစ်နေပါတယ်။လာမည်အင်္ဂါနေ့မှာလည်းချန်ပီယံလိဂ်ပွဲစဉ်အနေဖြင့်ဗလင်စီယာအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

"အသင်းကိုနောက်ကွယ်ကလျင်လျင်မြန်မြန်တွန်းအားပေးနိုင်မည်ဆိုရင် လိုချင်တဲ့ရလဒ်ကိုရမှာဖြစ်ပြီး ပွဲကိုလည်းလျင်လျင်မြန်မြန်ရလဒ်ကောင်းအောင်လုပ်နိုင်မှာပါ" အက်ရှ်လေယန်းက အသင်းရဲ့ဝက်ဘ်ဆိုက်မှတဆင့်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ဒီနေ့လိုနေ့ရက်တွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ကိုယ့်ကိုယ်ကို  ပြုပြင်ပြောင်းလဲပြီး စိတ်ဒုက္ခရောက်ရှိလာခြင်းတွေကို မောင်းထုတ်နိုင်မှာပါ"

ယူနိုက်တက်အသင်းက ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်မှာ ပထမပိုင်းအစ ၅မိနစ်အထိပဲအသင်းကိုဦးဆောင်နိုင်ခဲ့ပြီး
နောက်မကြာမီ မီနစ်အတွင်းဝက်စ်ဟမ်းအသင်းက အဖွင့်ဦးဆောငိဂိုးရရှိခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ အသင်းရဲ့ကစားသမား လင်ဒီလော့ဖ်နှင့်ထိကာ ဒုတိယဂိုးထပ်မံပေးခဲ့ရပါတယ်။

ယူနိုက်တက်အသင်းကအဆိုပါပွဲစဉ်မှာခြေစွမ်းဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။ဝက်စ်ဟမ်းအသင်းကလည်း ယူနိုက်တက်အသင်းကိုအဝေးကွင်းမှာယခုနှစ်ရာသီအတွက် ပထမဦးဆုံးအကြိမ်ရှုံးပွဲတွေ့စေခဲ့ပါတယ်။

"ကလပ်က ပရိသတ်တွေ နဲ့ အတူ အိမ်ကွင်းမှာပထမဆုံးအနိုင်ရလဒ်ကိုသိမ်းပိုက်သွားနိုင်ခဲ့ပါတယ်"လို့  ဝက်စ်ဟမ်းတိုက်စစ်မှူးအာနန်တိုဗစ်ကပြောကြားခဲ့ပါတယ်။

No comments

Powered by Blogger.