Header Ads


ဂျူဗင်တပ်စ်ဒါရိုက်တာမိုရော့တာကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူမယ့်အာဆင်နယ်

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။







(Unicode)



အာဆင်နယ်အသင်း က ဂျူဗင်တပ်စ်အသင်း မှမကြာခင်ထွက်ခွာတော့မည့်အထွေထွေမန်နေဂျာမိုရော့တာကို တစ်နှစ် ယူရို ၃.၅သန်းနှင့်အသင်းCEOနေရာအတွက်လှမ်းလိုက်ပါတယ်။

Tuttosportရဲ့ဖော်ပြချက်အရ မိုရော့တာကတော့ဂျူဗင်တပ်စ်အသင်းကနေတရားဝင်ထွက်ခွာမည့်နေ့က အောက်တိုဘာလ ၂၅ရက်နေ့ဖြစ်ပါတယ်။အာဆင်နယ်ဖက်ကနေသူ့ကိုတရားဝင်စာချုပ်ချုပ်ဆိုဖို့အတွက်ကမ်းလှမ်းထားပါတယ်။

အာဆင်နယ်အသင်းကတော့ တစ်လကို ပေါင်၅သိန်းနှင့်ကမ်းလှမ်းထားခဲ့တယ်လို့သိရပြီး အင်တာမီလန် အသင်းက အသက်၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူ့ကို အဆိုပါလစာထပ်များပြားတဲ့လစာနှင့်ကမ်းလှမ်းထားတယ်လို့သတင်းများကဖော်ပြထားပါတယ်။

အဆိုပါ သတင်းများအရ မိုရော့တာက အာဆင်နယ်အသင်းထပ် အင်တာမီလန်အသင်းကိုရောက်ရှိဖို့များနေပြီလို့ခန့်မှန်းရပါတယ်။နောက်ဆုံးရသတင်းများကတော့ ဂျူဗင်တပ်ရဲ့ပဲ့ကိုင်ရှင် က အာဆင်နယ်အသင်း နှင့်စကားပြောဆိုဆွေးနွေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းကတော့သူတို့ရဲ့အဓိကနေရာအတွက်ရှာဖွေနေခြင်းဖြစိပါတယ်။သူတို့ရဲ့CEO Ivan Gazidisက အေစီမီလန်အသင်းကိုပြောင်းရွေ့သွားခဲ့တာကြောင့်အပြင်းအထန်ရှာဖွေနေခြင်းဖြစ်ပါတယ်။

No comments

Powered by Blogger.