ေအစီမီလန္အသင္းနဲ႔ အေျပာင္းအေရႊ ့အခ်ိတ္အဆက္အေၾကာင္းဖြင့္ဟဝန္ခံသြားတဲ့အီဗရာမိုဗစ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
LA Galaxyတိုက္စစ္မွဴး ဇလာတန္အီဗရာမိုဗစ္ဟာ အသင္းေဟာင္း ေအစီမီလန္အသင္းဆီေျပာင္းေရႊ ့ေတာ့မည္ဆိုတဲ့သတင္းေတြအေပၚ ေကာလဟာလပါလို ့ဆိုလိုက္ပါတယ္။
LA Galaxy အသင္းမွာ ဂိုး၂၀ အထိသြင္းယူၿပီးေျခစြမ္းျပကစားေနတဲ့ တိုက္စစ္မွဴးမိုဗစ္ကို ေအစီမီလန္အသင္းက လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ ့ကာလမွာေစ်းသက္သက္သာသာနဲ႔ ေခၚယူဖို ့ႀကိဳးပမ္းေနၿပီး သူတို ့အသင္းရဲ႕ တိုက္စစ္ေရွ ့တန္းကို အားျဖည့္ဖို ့ႀကိဳးပမ္းေနတာပဲျဖစ္ပါတယ္။
အသင္းေဟာင္းေအစီမီလန္အသင္းကို ျပန္လည္ေျပာင္းေရႊ ့ႏိုင္သလားလို ့ေမးျမန္းခဲ့တဲ့အေပၚ အီဗရရာမိုဗစ္က " ေကာလဟာလဆိုတာ အၿမဲတမ္းရွိေနၾကပါ။ တစ္ကမာၻ လံုးနီးပါးက ကၽြန္ေတာ့္ကို အလိုရွိေနၾကတာပဲေလ။ အဆင္ေျပပါတယ္။" လို ့ျပန္လည္ေျဖၾကားလိုက္ပါတယ္။
မိုဗစ္ဟာ ၂၀၁၀ နဲ႔ ၂၀၁၂ ခုႏွစ္ၾကားမွာေအစီမီလန္အသင္းအတြက္ ပြဲေပါင္း ၈၅ ပြဲကစားၿပီး ၅၆ ဂိုးထိသြင္းယူထားခဲ့ကာ လက္ရွိ LA Galaxy အသင္းမွာလည္း ၂၄ ပြဲကစားၿပီး ဂိုး၂၀ သြင္းထားတဲ့ တိုက္စစ္မွဴးတစ္ေယာက္ျဖစ္လို ့ေနပါတယ္။
(Unicode)
အေစီမီလန်အသင်းနဲ့ အပြောင်းအရွှေ့အချိတ်အဆက်အကြောင်းဖွင့်ဟဝန်ခံသွားတဲ့အီဗရာမိုဗစ်
LA Galaxyတိုက်စစ်မှူး ဇလာတန်အီဗရာမိုဗစ်ဟာ အသင်းဟောင်း အေစီမီလန်အသင်းဆီပြောင်းရွှေ့တော့မည်ဆိုတဲ့သတင်းတွေအပေါ် ကောလဟာလပါလို့ဆိုလိုက်ပါတယ်။
LA Galaxy အသင်းမှာ ဂိုး၂၀ အထိသွင်းယူပြီးခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူးမိုဗစ်ကို အေစီမီလန်အသင်းက လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာဈေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ကြိုးပမ်းနေပြီး သူတို့အသင်းရဲ့ တိုက်စစ်ရှေ့တန်းကို အားဖြည့်ဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။
အသင်းဟောင်းအေစီမီလန်အသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်သလားလို့မေးမြန်းခဲ့တဲ့အပေါ် အီဗရရာမိုဗစ်က " ကောလဟာလဆိုတာ အမြဲတမ်းရှိနေကြပါ။ တစ်ကမ္ဘာ လုံးနီးပါးက ကျွန်တော့်ကို အလိုရှိနေကြတာပဲလေ။ အဆင်ပြေပါတယ်။" လို့ပြန်လည်ဖြေကြားလိုက်ပါတယ်။
မိုဗစ်ဟာ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်ကြားမှာအေစီမီလန်အသင်းအတွက် ပွဲပေါင်း ၈၅ ပွဲကစားပြီး ၅၆ ဂိုးထိသွင်းယူထားခဲ့ကာ လက်ရှိ LA Galaxy အသင်းမှာလည်း ၂၄ ပွဲကစားပြီး ဂိုး၂၀ သွင်းထားတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လို့နေပါတယ်။
Post a Comment