ေမာ္ရင္ဟိုအထုတ္ခံရဖို ့အတည္ျပဳေသာသတင္းနဲ႔ စေနေန ့နံနက္ေဟာ့အျဖစ္ဆံုးေနာက္ဆံုးရေဘာလံုးသတင္းတိုမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Mirror သတင္းဌာနရဲ႕ အခိုင္အမာထြက္ဆိုခ်က္အရ ယူႏိုက္တက္နည္းျပေမာ္ရင္ဟို ဟာ အသင္းမွာသူ ့အတြက္အဖတ္ဆယ္ဖို ့ျပန္လမ္းလံုးဝမရွိေတာ့တဲ့အတြက္ယခုတစ္ပတ္အတြင္းေသခ်ာေပါက္အထုတ္ခံရေတာ့မယ္လို ့အခိုင္အမာဆိုလိုက္ၿပီပဲျဖစ္ပါတယ္။
အေမရိကန္စံုစမ္းစစ္ေဆးေရးတာဝန္ရွိသူမ်ားက ႐ိုနယ္ဒိုကို ၂၀၀၉ လက္စ္ဗီးဂတ္စ္မွာ မဒိန္းက်င့္ခဲ့တယ္ဆိုေသာစြပ္စြဲခ်က္ကို ဝန္ခံလာေအာင္အတင္းဖိအားေပး စစ္ေဆးေနတယ္လို ့သိရပါတယ္။
မန္စီးတီးကြင္းလယ္လူ ဘာနန္ဒိုေဆးလ္ဗားက ၂၀၁၇ ခုႏွစ္အေျပာင္းအေရႊ ့ရာသီတုန္းက သူဟာ မန္စီးတီးဆီမေျပာင္းခင္ယူႏိုက္တက္က သူ ့ကိုစိတ္ဝင္ေနတယ္လို ့ၾကားခဲ့ရေၾကာင္း သူကိုယ္တိုင္လည္း ေပၚတူဂီလူမ်ိဳးနည္းျပ ေမာ္ရင္ဟိုရွိတဲ့အသင္းဆီ သြားဖို ့ေမွ်ာ္လင့္ခဲ့ေၾကာင္း သို ့ေသာ္လည္း သူ ့ကိုတကယ္ကမ္းလွမ္းမႈျပဳလုပ္ခဲ့တာဟာ မန္စီးတီးျဖစ္ခဲါတယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။
လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့က လာမယ့္ မန္စီးတီးနဲ႔ေတြ ့ဆံုမယ့္ ပရီးမီးယားလိပ္ပြဲမွာ အႏိုင္ယူဖို ့ ရာခိုင္နႈန္း ၁၁၀ နီးပါး အထိ အသင္းဟာ အဆင္သင့္ရွိေနရမယ္လို ့ေျပာၾကားလိုက္ပါတယ္။
ယူႏိုက္တက္နည္းျပေမာ္ရင္ဟို က ယူႏိုက္တက္အသင္းရလဒ္ပိုင္းေရာ ေျခစြမ္းပိုင္းပါ႐ုန္းကန္ေနရတာနဲ႔ပတ္သတ္ၿပီးတစ္ခ်ိဳ ့အရာေတြဟာ မန္ေနဂ်ာလက္ထဲမွာ အလံုးစံု ရွိမေနတာေတြလည္းပါတယ္လို ့ၿငီးတြားေျပာၾကားသြားခဲ့ပါတယ္။
ခ်ဲလ္ဆီးကြင္းလယ္လူဖာဘရီဂတ္စ္က သူဟာ အသင္းမွာ နည္းျပဆာရီလက္ေအာက္ ဆက္ရွိေနခ်င္တယ္လို ့ေျပာၾကားလိုက္ပါတယ္။
(Unicode)
Mirror သတင်းဌာနရဲ့ အခိုင်အမာထွက်ဆိုချက်အရ ယူနိုက်တက်နည်းပြမော်ရင်ဟို ဟာ အသင်းမှာသူ့အတွက်အဖတ်ဆယ်ဖို့ပြန်လမ်းလုံးဝမရှိတော့တဲ့အတွက်ယခုတစ်ပတ်အတွင်းသေချာပေါက်အထုတ်ခံရတော့မယ်လို့အခိုင်အမာဆိုလိုက်ပြီပဲဖြစ်ပါတယ်။
အမေရိကန်စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက ရိုနယ်ဒိုကို ၂၀၀၉ လက်စ်ဗီးဂတ်စ်မှာ မဒိန်းကျင့်ခဲ့တယ်ဆိုသောစွပ်စွဲချက်ကို ဝန်ခံလာအောင်အတင်းဖိအားပေး စစ်ဆေးနေတယ်လို့သိရပါတယ်။
မန်စီးတီးကွင်းလယ်လူ ဘာနန်ဒိုဆေးလ်ဗားက ၂၀၁၇ ခုနှစ်အပြောင်းအရွှေ့ရာသီတုန်းက သူဟာ မန်စီးတီးဆီမပြောင်းခင်ယူနိုက်တက်က သူ့ကိုစိတ်ဝင်နေတယ်လို့ကြားခဲ့ရကြောင်း သူကိုယ်တိုင်လည်း ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုရှိတဲ့အသင်းဆီ သွားဖို့မျှော်လင့်ခဲ့ကြောင်း သို့သော်လည်း သူ့ကိုတကယ်ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဟာ မန်စီးတီးဖြစ်ခဲါတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
လီဗာပူးလ်နည်းပြဂျာဂန်ကလော့က လာမယ့် မန်စီးတီးနဲ့တွေ့ဆုံမယ့် ပရီးမီးယားလိပ်ပွဲမှာ အနိုင်ယူဖို့ ရာခိုင်နှုန်း ၁၁၀ နီးပါး အထိ အသင်းဟာ အဆင်သင့်ရှိနေရမယ်လို့ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟို က ယူနိုက်တက်အသင်းရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါရုန်းကန်နေရတာနဲ့ပတ်သတ်ပြီးတစ်ချို့အရာတွေဟာ မန်နေဂျာလက်ထဲမှာ အလုံးစုံ ရှိမနေတာတွေလည်းပါတယ်လို့ငြီးတွားပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ်လူဖာဘရီဂတ်စ်က သူဟာ အသင်းမှာ နည်းပြဆာရီလက်အောက် ဆက်ရှိနေချင်တယ်လို့ပြောကြားလိုက်ပါတယ်။
Post a Comment