႐ိုနယ္ဒိုရဲ႕ cover ပံုကို ျဖဳတ္လိုက္ၿပီျဖစ္တဲ့FIFA 19 ရဲ႕ တြစ္တာအေကာင့္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
EA Sport ရဲ႕ ဂိမ္းထုတ္ကုန္တစ္ခုျဖစ္ေသာ FIFA19 ကေတာ့ သူတို ့ရဲ႕ တရားဝင္တြစ္တာအေကာင့္ ရဲ႕ Cover Banner မွာတင္ထားတဲ့ ႐ိုနယ္ဒို ဓာတ္ပံုကို ျဖဳတ္ခ်ခဲ့လိုက္တယ္လို ့သိရပါတယ္။
အေၾကာင္းကေတာ့ စီ႐ိုနယ္ဒိုတစ္ေယာက္ ဟာ ကတ္သ႐ိုင္းမာ႐ိုဂါ ကို မဒိန္းက်င့္ခဲ့တယ္လို႔ အဆိုပါ မာ႐ိုဂါ ကိုယ္တိုင္က တရားစြဲဆိုခ်ိန္းေျခာက္ထားတာေၾကာင့္ ႐ိုနယ္ဒိုကို sponser ေပးထားတဲ့EA Sport က ၾကားေနတဲ့ အေနနဲ႔ ႐ိုနယ္ဒိုနဲ႔ ပတ္သတ္တဲ့ပံုကို တြစ္တာမွာျဖဳတ္ခ်လိုက္တာပဲျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး႐ိုနယ္ဒိုဟာ ၂၀၀၉ ခုႏွစ္က လက္စ္ဗီးဂတ္စ္မွာ သူမကို မဒိန္းက်င့္ခဲ့တယ္လို ့ မာ႐ိုဂါက စြပ္စြဲထားတာျဖစ္ၿပီး ႐ိုနယ္ဒိုကေတာ့ ဒါဟာလုပ္ၾကံသတင္းလို ့ေျပာၾကားထားပါတယ္။
EA Sports ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္ကေတာ့
" ႐ိုနယ္ဒို အေပၚစြပ္စြဲခ်က္ေတြနဲ႔ ပတ္သတ္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ကၽြန္ေတာ္တို ့ေတြ ့ထားပါတယ္။ကၽြန္ေတာ္တို ့ရဲ႕ အားကစားသမားေတြနဲ႔ သူတို ့ရဲ႕ သံတမန္ေတြကို EA ရဲ႕ စံႏႈန္းအတိုင္း လိုက္လံပါဝင္ေဆာင္ရြက္ႏိုင္မယ့္အေျခအေနကို အနီးကပ္ေဖာ္ျပထားေပးပါတယ္။"
FIFA ပရိတ္သတ္ေတြထဲက တစ္ေယာက္ကေတာ့ FIFA 19 တြစ္တာ page ရဲ႕ ႐ိုနယ္ဒိုပံုျဖဳတ္ခ်လိုက္တာကိုေထာက္ျပေျပာဆိုခဲ့ပါတယ္။
ဒါပင္မယ့္ အဆိုပါေျပာေရးဆိုခြင့္ရွိသူက ေတာ့ ေျပာင္းလဲလိုက္တဲ့ FIFA 19 ပံုမွာပါတဲ့ အခ်က္အလက္ေတြဟာ သူတို ့ရဲ႕ ေစ်းကြက္ေဖာ္ေဆာင္ေရးနည္းလမ္းတစ္ခုျဖစ္ၿပီး ႐ိုနယ္ဒိုနဲ႔မဆိုင္ပါေၾကာင္း ဂ်ာမန္မဂၢဇင္း Der Spiegel ကိုေျပာၾကားခဲ့ပါတယ္။
႐ိုနယ္ဒိုကေတာ့ သူ ့အေပၚစြပ္စြဲထားၾကတဲ့ မဒိန္းမႈနဲ႔ ပတ္သတ္ၿပီး တြစ္တာစာမ်က္ႏွာေပၚမွာအခုလို ျပန္လည္ရွင္းျပထားတာေတြ ့ရပါတယ္။
" ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့္အေပၚစစ္ေဆးတဲ့ ရလဒ္ကို ေအးေဆးနဲ႔ေစာင့္ဆိုင္းတဲ့ နည္းနဲ႔ပဲသတိမူၿပီး ေနမွာပါ။"
" ကၽြန္ေတာ့္အေပၚစြပ္စြဲခ်က္ေတြနဲ႔ ပတ္သတ္ၿပီး ကၽြန္ေတာ္ျပတ္ျပတ္သားသား ျငင္းပယ္ပါတယ္။မဒိန္းမႈဆိုတာ အရာအားလံုးနဲ႔ ဆန္ ့က်င္တဲ့ မသတီစရာေကာင္းတဲ့ ျပစ္မႈတစ္ခုပါလို ့ ကၽြန္ေတာ္ယံုၾကည္ထားပါတယ္။ ကၽြန္ေတာ့္နာမည္ကို ျပန္လည္ အဖတ္ဆယ္ဖို႔ ႀကိမ္းေသေပါက္ႀကိဳးစားမွာပါ။ကၽြန္ေတာ့္ရဲ႕ ကိစၥအေပၚရယ္စရာအျဖစ္သေဘာထားၿပီး သူတို ့ကိုယ္သူ တို ့ တိုးတက္လာေအာင္ ဖန္တီးေနၾကတဲ့ လူေတြေၾကာင့္ ကၽြန္ေတာ္ကေတာ့ မီဒီယာေတြကို ေတာ့ ပြဲနဲ႔ ရွင္းျပေနမွာမဟုတ္ပါဘူး" လို ့ သူ ရဲ႕ ကိုယ္ပိုင္တြစ္တာစာမ်က္ႏွာေပၚမွာျပန္လည္တင္ထားပါတယ္။
EA ဟာ ႐ိုနယ္ဒိုနဲ႔ ပတ္သတ္ၿပီး ရင္းနွီးျမႇပ္နံွမႈမ်ားစြာျပဳလုပ္ထားတာျဖစ္ကာ FIFA 19 ရဲ႕ cover စတားတစ္ေယာက္လည္းျဖစ္လို ့ေနပါတယ္။ လတ္တေလာမွာေတာ့ FIFA 19 ဟာ UK မွာ အေရာင္းရအေကာင္းဆံုး ဂိမ္းေခြျဖစ္လာေနပါတယ္။
(Unicode)
ရိုနယ်ဒိုရဲ့ cover ပုံကို ဖြုတ်လိုက်ပြီဖြစ်တဲ့FIFA 19 ရဲ့ တွစ်တာအကောင့်
EA Sport ရဲ့ ဂိမ်းထုတ်ကုန်တစ်ခုဖြစ်သော FIFA19 ကတော့ သူတို့ရဲ့ တရားဝင်တွစ်တာအကောင့် ရဲ့ Cover Banner မှာတင်ထားတဲ့ ရိုနယ်ဒို ဓာတ်ပုံကို ဖြုတ်ချခဲ့လိုက်တယ်လို့သိရပါတယ်။
အကြောင်းကတော့ စီရိုနယ်ဒိုတစ်ယောက် ဟာ ကတ်သရိုင်းမာရိုဂါ ကို မဒိန်းကျင့်ခဲ့တယ်လို့ အဆိုပါ မာရိုဂါ ကိုယ်တိုင်က တရားစွဲဆိုချိန်းခြောက်ထားတာကြောင့် ရိုနယ်ဒိုကို sponser ပေးထားတဲ့EA Sport က ကြားနေတဲ့ အနေနဲ့ ရိုနယ်ဒိုနဲ့ ပတ်သတ်တဲ့ပုံကို တွစ်တာမှာဖြုတ်ချလိုက်တာပဲဖြစ်ပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးရိုနယ်ဒိုဟာ ၂၀၀၉ ခုနှစ်က လက်စ်ဗီးဂတ်စ်မှာ သူမကို မဒိန်းကျင့်ခဲ့တယ်လို့ မာရိုဂါက စွပ်စွဲထားတာဖြစ်ပြီး ရိုနယ်ဒိုကတော့ ဒါဟာလုပ်ကြံသတင်းလို့ပြောကြားထားပါတယ်။
EA Sports ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့
" ရိုနယ်ဒို အပေါ်စွပ်စွဲချက်တွေနဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့တွေ့ထားပါတယ်။ကျွန်တော်တို့ရဲ့ အားကစားသမားတွေနဲ့ သူတို့ရဲ့ သံတမန်တွေကို EA ရဲ့ စံနှုန်းအတိုင်း လိုက်လံပါဝင်ဆောင်ရွက်နိုင်မယ့်အခြေအနေကို အနီးကပ်ဖော်ပြထားပေးပါတယ်။"
FIFA ပရိတ်သတ်တွေထဲက တစ်ယောက်ကတော့ FIFA 19 တွစ်တာ page ရဲ့ ရိုနယ်ဒိုပုံဖြုတ်ချလိုက်တာကိုထောက်ပြပြောဆိုခဲ့ပါတယ်။
ဒါပင်မယ့် အဆိုပါပြောရေးဆိုခွင့်ရှိသူက တော့ ပြောင်းလဲလိုက်တဲ့ FIFA 19 ပုံမှာပါတဲ့ အချက်အလက်တွေဟာ သူတို့ရဲ့ ဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ပြီး ရိုနယ်ဒိုနဲ့မဆိုင်ပါကြောင်း ဂျာမန်မဂ္ဂဇင်း Der Spiegel ကိုပြောကြားခဲ့ပါတယ်။
ရိုနယ်ဒိုကတော့ သူ့အပေါ်စွပ်စွဲထားကြတဲ့ မဒိန်းမှုနဲ့ ပတ်သတ်ပြီး တွစ်တာစာမျက်နှာပေါ်မှာအခုလို ပြန်လည်ရှင်းပြထားတာတွေ့ရပါတယ်။
" ကျွန်တော်ကတော့ ကျွန်တော့်အပေါ်စစ်ဆေးတဲ့ ရလဒ်ကို အေးဆေးနဲ့စောင့်ဆိုင်းတဲ့ နည်းနဲ့ပဲသတိမူပြီး နေမှာပါ။"
" ကျွန်တော့်အပေါ်စွပ်စွဲချက်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော်ပြတ်ပြတ်သားသား ငြင်းပယ်ပါတယ်။မဒိန်းမှုဆိုတာ အရာအားလုံးနဲ့ ဆန့်ကျင်တဲ့ မသတီစရာကောင်းတဲ့ ပြစ်မှုတစ်ခုပါလို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ကျွန်တော့်နာမည်ကို ပြန်လည် အဖတ်ဆယ်ဖို့ ကြိမ်းသေပေါက်ကြိုးစားမှာပါ။ကျွန်တော့်ရဲ့ ကိစ္စအပေါ်ရယ်စရာအဖြစ်သဘောထားပြီး သူတို့ကိုယ်သူ တို့ တိုးတက်လာအောင် ဖန်တီးနေကြတဲ့ လူတွေကြောင့် ကျွန်တော်ကတော့ မီဒီယာတွေကို တော့ ပွဲနဲ့ ရှင်းပြနေမှာမဟုတ်ပါဘူး" လို့ သူ ရဲ့ ကိုယ်ပိုင်တွစ်တာစာမျက်နှာပေါ်မှာပြန်လည်တင်ထားပါတယ်။
EA ဟာ ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ရင်းနှီးမြှပ်နံှမှုများစွာပြုလုပ်ထားတာဖြစ်ကာ FIFA 19 ရဲ့ cover စတားတစ်ယောက်လည်းဖြစ်လို့နေပါတယ်။ လတ်တလောမှာတော့ FIFA 19 ဟာ UK မှာ အရောင်းရအကောင်းဆုံး ဂိမ်းခွေဖြစ်လာနေပါတယ်။
Post a Comment