Header Ads


နည္းျပကေလာ့လက္ေအာက္မွာပြဲထြက္ခြင့္သိပ္မရတဲ့အေပၚသူ ့အျမင္ကိုေျပာျပသြားတဲ့စတားရစ္ခ်္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္ရဲ႕ တိုက္စစ္မွဴးဒန္နီရယ္စတာရစ္ခ်္က နည္းျပကေလာ့ရဲ႕လက္ေအာက္မွာ ကစားခြင့္ရဖို ့ေစာင့္ဆိုင္းရတာကို ေပ်ာ္ရႊင္ေနတယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။

ကေလာ့ရဲ႕ အရံတိုက္စစ္မွဴး စတာရစ္ခ်္ဟာ ၿပီးခဲ့တဲ့ ၇ပြဲမွာ အန္ဖီးလ္ကလပ္အသင္းအတြက္ ၄ဂိုးသြင္းယူေပးခဲ့ၿပီး လီဗာပူးလ္အသင္းရဲ႕ ကယ္တင္ရွင္တစ္ေယာက္ျဖစ္လာေနပါတယ္။

ေရာ္ဘတ္တို ဖာမီႏို ရဲ႕ ေနာက္မွာသာ ပြဲထြက္ခြင့္ရခဲ့တဲ့စတာရစ္ခ်္ဟာ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲမွာ ၁ဂိုးသြင္းယူခဲ့ၿပီး သူ ့ရဲ႕ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိပ္ ဂိုး၅၀ ေျမာက္ကို သြင္းယူခဲ့ကာ ရရွိလာတဲ့ အခြင့္အေရးေတြမွန္သမွ် သူ အသံုးခ်မွာျဖစ္တယ္လို ့ၾကံဳးဝါးေျပာဆိုသြားပါတယ္။



" မန္ေနဂ်ာဘာေတြပဲဆံုးျဖတ္ခ်က္ခ်ပါေစ ဘာမွမျဖစ္ပါဘူး။ဘာလို ့လဲဆိုေတာ့သူဟာ ေဘာ့စ္တစ္ေယာက္မို ့ပါ။ဘယ္ကစားသမားပဲသူေရြးခ်ယ္ေရြးခ်ယ္ ပြဲအစမွာပဲဝင္ကစားကစား ဒါမွမဟုတ္ ၅ မိနစ္ေလာက္ပဲကစားရကစားရ ခင္ဗ်ားဟာ အေကာင္းဆံုးေတြေပးဆပ္ရမွာပါ။ ဘယ္ေလာက္မိနစ္ပဲကစားရကစားရ ကြင္းထဲမွာ အရာအားလံုးကိုေပးဆပ္ရမွာပါ။ကၽြန္ေတာ္တို ့မွာ တကယ့္အသင္းလူစာရင္းရွိပါတယ္။တကယ့္ ဂရိတ္နည္းျပတစ္ေယာက္ရယ္၊ေနာက္ကြယ္က အသင္းဝန္ထမ္းေကာင္းေတြရယ္ နဲ႔ အရမ္းလန္းတဲ့ ပရိတ္သတ္ေတြလည္းရွိပါတယ္။ကၽြန္ေတာ္တို ့လို ကစားသမားေတြ ဘာေတြထပ္ေတာင္းဆိုစရာလိုဦးမွာလဲ?ကၽြန္ေတာ္တို ့တစ္ခုခုအႏိုင္ယူႏိုင္တဲ့ေနရာမွာဆိုရင္ ပိုၿပီးအႏိုင္ယူဖို ့ႀကိဳးစားရပါမယ္။အဲ့ဂိုးဟာ ကၽြန္ေတာ္တို ့အတြက္ ဂိုးတစ္ဂိုးပါ။ တစ္ႀကိမ္သာ ကၽြန္ေတာ္တို ့ဖလားကိုင္ေျမႇာက္ႏိုင္ၾကည့္ ကၽြန္ေတာ္တို ့ေနာက္ထပ္ ဆုဖလားၿပိဳင္ပြဲမ်ားစြာအေပၚ လႊမ္းမိုးႏိုင္မႈရွိလာပါလိမ့္မယ္" လို ့ကလပ္ဝဘ္ဆိုဒ္နဲ႔ ေတြ ့ဆံုစဥ္မွာေျပာၾကားခဲ့ပါတယ္။



ဆက္လက္ၿပီးသူက

" ကၽြန္ေတာ္ေအာင္ႏိုင္သူတစ္ေယာက္လို ့ခံစားမိပါတယ္။ ဒီလိုမ်ိဳးအတိတ္မွာခံစားဖူးပါတယ္။အခုက အနာဂတ္ကာလေရာက္ေနပါၿပီ။ ကၽြန္ေတာ္ဒီမွာ လီဗာပူးလ္အသင္းနဲ႔ တစ္ခုခုလုပ္ျပသြားခ်င္ပါတယ္။"

" ကၽြန္ေတာ္တို ့ရဲ႕ မ်က္ႏွာမွာ အျပံဳးေတြပန္ဆင္ၿပီး ကစားမယ္ဆိုရင္ ၿပီးေတာ့ အလုပ္ႀကိဳးစားကစားၿပီး ၿပိဳင္ဘက္ကို ဖိအားေပးကစားမယ္ဆိုရင္ ကၽြန္ေတာ္တို ့ရဲ႕ ကစားဟန္အတိုင္းေပါ့ အဲ့လိုေတြသာ ကစားရင္ေတာ့ ကၽြန္ေတာ္တို ့ရက္စြဲေတြမွာ လူတိုင္းကိုအႏိုင္ယူႏိုင္ပါတယ္။"

" ကၽြန္ေတာ္တို ့ ယူ႐ိုပါလိပ္ ဖိုင္နယ္ေရာ လိပ္ဖလားဖိုင္နယ္အဆင့္ထိေရာေရာက္ၿပီးၿပီ။ မႏွစ္ရာသီကလည္း ခ်န္ပီယံလိပ္ဖိုင္နယ္ေရာ၊ ျပည္တြင္းလိပ္မွာ ပါအေကာင္းဆံုးေတြလုပ္ျပႏိုင္ခဲ့တယ္။ဒီႏွစ္မွာေတာ့ ဒီထက္တစ္ဆင့္ျမင့္တဲ့ အရာေတြလုပ္ေဆာင္ဖို ့အာရံုစိုက္ေနၾကပါတယ္။"

(Unicode)

နည်းပြကလော့လက်အောက်မှာပွဲထွက်ခွင့်သိပ်မရတဲ့အပေါ်သူ့အမြင်ကိုပြောပြသွားတဲ့စတားရစ်ချ်

လီဗာပူးလ်ရဲ့ တိုက်စစ်မှူးဒန်နီရယ်စတာရစ်ချ်က နည်းပြကလော့ရဲ့လက်အောက်မှာ ကစားခွင့်ရဖို့စောင့်ဆိုင်းရတာကို ပျော်ရွှင်နေတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

ကလော့ရဲ့ အရံတိုက်စစ်မှူး စတာရစ်ချ်ဟာ ပြီးခဲ့တဲ့ ၇ပွဲမှာ အန်ဖီးလ်ကလပ်အသင်းအတွက် ၄ဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ကယ်တင်ရှင်တစ်ယောက်ဖြစ်လာနေပါတယ်။

ရော်ဘတ်တို ဖာမီနို ရဲ့ နောက်မှာသာ ပွဲထွက်ခွင့်ရခဲ့တဲ့စတာရစ်ချ်ဟာ ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲမှာ ၁ဂိုးသွင်းယူခဲ့ပြီး သူ့ရဲ့ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိပ် ဂိုး၅၀ မြောက်ကို သွင်းယူခဲ့ကာ ရရှိလာတဲ့ အခွင့်အရေးတွေမှန်သမျှ သူ အသုံးချမှာဖြစ်တယ်လို့ကြုံးဝါးပြောဆိုသွားပါတယ်။

" မန်နေဂျာဘာတွေပဲဆုံးဖြတ်ချက်ချပါစေ ဘာမှမဖြစ်ပါဘူး။ဘာလို့လဲဆိုတော့သူဟာ ဘော့စ်တစ်ယောက်မို့ပါ။ဘယ်ကစားသမားပဲသူရွေးချယ်ရွေးချယ် ပွဲအစမှာပဲဝင်ကစားကစား ဒါမှမဟုတ် ၅ မိနစ်လောက်ပဲကစားရကစားရ ခင်ဗျားဟာ အကောင်းဆုံးတွေပေးဆပ်ရမှာပါ။ ဘယ်လောက်မိနစ်ပဲကစားရကစားရ ကွင်းထဲမှာ အရာအားလုံးကိုပေးဆပ်ရမှာပါ။ကျွန်တော်တို့မှာ တကယ့်အသင်းလူစာရင်းရှိပါတယ်။တကယ့် ဂရိတ်နည်းပြတစ်ယောက်ရယ်၊နောက်ကွယ်က အသင်းဝန်ထမ်းကောင်းတွေရယ် နဲ့ အရမ်းလန်းတဲ့ ပရိတ်သတ်တွေလည်းရှိပါတယ်။ကျွန်တော်တို့လို ကစားသမားတွေ ဘာတွေထပ်တောင်းဆိုစရာလိုဦးမှာလဲ?ကျွန်တော်တို့တစ်ခုခုအနိုင်ယူနိုင်တဲ့နေရာမှာဆိုရင် ပိုပြီးအနိုင်ယူဖို့ကြိုးစားရပါမယ်။အဲ့ဂိုးဟာ ကျွန်တော်တို့အတွက် ဂိုးတစ်ဂိုးပါ။ တစ်ကြိမ်သာ ကျွန်တော်တို့ဖလားကိုင်မြှောက်နိုင်ကြည့် ကျွန်တော်တို့နောက်ထပ် ဆုဖလားပြိုင်ပွဲများစွာအပေါ် လွှမ်းမိုးနိုင်မှုရှိလာပါလိမ့်မယ်" လို့ကလပ်ဝဘ်ဆိုဒ်နဲ့ တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးသူက

" ကျွန်တော်အောင်နိုင်သူတစ်ယောက်လို့ခံစားမိပါတယ်။ ဒီလိုမျိုးအတိတ်မှာခံစားဖူးပါတယ်။အခုက အနာဂတ်ကာလရောက်နေပါပြီ။ ကျွန်တော်ဒီမှာ လီဗာပူးလ်အသင်းနဲ့ တစ်ခုခုလုပ်ပြသွားချင်ပါတယ်။"

" ကျွန်တော်တို့ရဲ့ မျက်နှာမှာ အပြုံးတွေပန်ဆင်ပြီး ကစားမယ်ဆိုရင် ပြီးတော့ အလုပ်ကြိုးစားကစားပြီး ပြိုင်ဘက်ကို ဖိအားပေးကစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကစားဟန်အတိုင်းပေါ့ အဲ့လိုတွေသာ ကစားရင်တော့ ကျွန်တော်တို့ရက်စွဲတွေမှာ လူတိုင်းကိုအနိုင်ယူနိုင်ပါတယ်။"

" ကျွန်တော်တို့ ယူရိုပါလိပ် ဖိုင်နယ်ရော လိပ်ဖလားဖိုင်နယ်အဆင့်ထိရောရောက်ပြီးပြီ။ မနှစ်ရာသီကလည်း ချန်ပီယံလိပ်ဖိုင်နယ်ရော၊ ပြည်တွင်းလိပ်မှာ ပါအကောင်းဆုံးတွေလုပ်ပြနိုင်ခဲ့တယ်။ဒီနှစ်မှာတော့ ဒီထက်တစ်ဆင့်မြင့်တဲ့ အရာတွေလုပ်ဆောင်ဖို့အာရုံစိုက်နေကြပါတယ်။"

No comments

Powered by Blogger.