Header Ads


နည္းျပေမာ္ရင္ဟိုတစ္ေယာက္အသင္းကေနေသခ်ာေပါက္ထြက္ခြာရမယ္လို ့ယူႏိုက္တက္ကစားသမားေတြအားလံုးယံုၾကည္ေနပါတယ္။



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဂ်ိဳေဆးေမာ္ရင္ဟိုကိုေထာက္ခံတဲ့ကစားသမားအေရအတြက္က ေလ်ာ့နည္းလာေနၿပီး ကစားသမားေတြကိုယ္တိုင္က နည္းျပေမာ္ရင္ဟိုနွင့္ အိုးထရက္ဖို့ဒ္ တို႔ၾကား မၾကာခင္အဆံုးသတ္ေတာ့မည္လို့ယံုျကည္ေနပါတယ္။

ကစားသမားေတြက နည္းျပေမာ္ရင္ဟိုအေပၚယံုၾကည္မႈေပ်ာက္ဆံုးေနၿပီး မျကာခင္ယူႏိုကိတက္အသင္းနည္းျပထိုင္ခံုပူကေနအျမန္ဆံုးထြက္ခြာေတာ့မည္လို႔ ခိုင္လံုတဲ့သတင္းအရင္းအျမစ္မွ ၾကားသိရပါတယ္။



အဆိုပါသတင္းအရင္းအျမစ္ေတြက အသင္းရဲ႕အဝတ္စားလဲခန္းမွာေျပာၾကားတဲ့စကားေတြအေပၚအေျခခံထားတယ္လို႔ Mirror Sportကဆိုပါတယ္။တစ္ခ်ဳိ့ေသာကစားသမားမ်ားကေမာ္ရင္ဟိုရဲ႕ တစ္ဦးခ်င္းဆီအႀကိမ္ႀကိမ္ေဝဖန္ေျပာၾကားခ်က္ေတြေၾကာင့္စိတ္ဆိုးေဒါသထြက္ကာနာက်ည္းေနၾကပါတယ္။ဒါအျပင္ေမာ္ရင္ဟိုက အသင္းကို ယံုၾကည္မႈေပ်ာက္ဆံုးေအာင္လုပိေဆာင္ေနတယ္လို႔ အသင္းသားမ်ားကယံုၾကည္ေနၾကပါတယ္။

လက္႐ွိအသင္းသားမ်ားက သူတို႔ရဲ႕ခံစားခ်က္ေတြကိုခ်ဳပ္ထိန္းထားေနရၿပီး နည္းျပေမာ္ရင္ဟိုက မေကာင္းတဲ့အေနအထားမျဖစ္ျဖစ္ေအာင္ျပဳလုပ္ျခင္းေၾကာင့္ျဖစ္ပါတယ္။



ေမာ္ရင္ဟိုက အသင္းကြင္းလယ္ကစားသမား ေပါ့ဘာႏွင့္အႀကိမ္ႀကိမ္ျပသာနာျဖစ္ပြားခဲ့ၿပီး သူကို အသင္းရဲ႕ဒုတိယေခါင္းေဆာင္ေနရာကေနဖယ္႐ွားထားခဲ့ပါတယ္။ဒါအျပင္ ရက္႐ွ္ဖို႔ဒ္ ဆန္းခ်က္ဒ္ ဗလင္စီယာတို႔ကိုလည္း သူတို႔ရဲ႕သေဘာထားမ်ားႏွင့္ပတ္သက္ၿပီးေဝဖန္မႈမ်ားျပဳလုပ္ထားခဲ့ပါတယ္။

တစ္ခ်ိဳ႕ကစားသမားေတြက ေမာ္ရင္ဟိုဟာတစ္ျခားလူေတြအေပၚအျပစ္တင္ေဝဖန္မႈမ်ား အရမ္းလုပ္တတ္တယ္လို႔ခံစားရတယ္လို႔ဆိုၾကၿပီး သူရဲ႕တာဝန္႐ွိမႈေတြအေပၚ လက္ခံဖို႔အတြက္ျငင္းဆိုထားခဲ့ပါတယ္။



ကစားသမားေတြက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းႏွင့္ပြဲစဥ္ ႐ႈံးနိမ့္သြားခဲ့ၿပီးတဲ့ေနာက္မွာ ကမ္းကုန္ေအာင္အထိဆိုးရြားလွတဲ့ဥပမာေကာင္းေကာင္းတစ္ခုလို႔ဆိုၾကပါတယ္။အဆုိပါပြဲစဥ္မွာေမာ္ရင္ဟိုက တာဝန္ယူမႈမ႐ွိဘဲအဆိုးဆံုးအေနအထားတစ္ခုကိုလုပ္ေဆာင္ခဲ့ပါတယ္။ကြင္းလယ္ကစားသမားေတြကိုေနာက္တန္းပို႔ၿပီးေနာက္တန္း၃ေယာက္ေနရာထားမႈက မွားယြင္းခဲ့တယ္လို႔ဝန္ခံခဲ့ပါတယ္။

ဒီသတင္းအရင္းအျမစ္ရဲ႕ေဖာ္ျပခ်က္အရ ကစားသမားေတြက သူတို႔ကိုသူတို႔ေကာင္းေအာင္ျပဳျပင္ေနၿပီး အလွည့္က်ေရာက္လာတဲ့ကစားခြင့္ေတြရ႐ွိဖို႔အတြက္ျပင္ဆင္ေနပါတယ္။ဒါေပမယ့္သူတို႔္အားလံုးကေတာ့ ေမာ္ရင္ဟို ရဲ႕ကံၾကမၼာတံခါးကပိတ္သြားၿပီလို႔ယံုၾကည္ေနၾကပါတယ္။

(Unicode)



ဂျိုဆေးမော်ရင်ဟိုကိုထောက်ခံတဲ့ကစားသမားအရေအတွက်က လျော့နည်းလာနေပြီး ကစားသမားတွေကိုယ်တိုင်က နည်းပြမော်ရင်ဟိုနှင့် အိုးထရက်ဖို့ဒ် တို့ကြား မကြာခင်အဆုံးသတ်တော့မည်လို့ယုံကြည်နေပါတယ်။



ကစားသမားတွေက နည်းပြမော်ရင်ဟိုအပေါ်ယုံကြည်မှုပျောက်ဆုံးနေပြီး မကြာခင်ယူနိုကိတက်အသင်းနည်းပြထိုင်ခုံပူကနေအမြန်ဆုံးထွက်ခွာတော့မည်လို့ ခိုင်လုံတဲ့သတင်းအရင်းအမြစ်မှ ကြားသိရပါတယ်။



အဆိုပါသတင်းအရင်းအမြစ်တွေက အသင်းရဲ့အဝတ်စားလဲခန်းမှာပြောကြားတဲ့စကားတွေအပေါ်အခြေခံထားတယ်လို့ Mirror Sportကဆိုပါတယ်။တစ်ချို့သောကစားသမားများကမော်ရင်ဟိုရဲ့ တစ်ဦးချင်းဆီအကြိမ်ကြိမ်ဝေဖန်ပြောကြားချက်တွေကြောင့်စိတ်ဆိုးဒေါသထွက်ကာနာကျည်းနေကြပါတယ်။ဒါအပြင်မော်ရင်ဟိုက အသင်းကို ယုံကြည်မှုပျောက်ဆုံးအောင်လုပိဆောင်နေတယ်လို့ အသင်းသားများကယုံကြည်နေကြပါတယ်။



လက်ရှိအသင်းသားများက သူတို့ရဲ့ခံစားချက်တွေကိုချုပ်ထိန်းထားနေရပြီး နည်းပြမော်ရင်ဟိုက မကောင်းတဲ့အနေအထားမဖြစ်ဖြစ်အောင်ပြုလုပ်ခြင်းကြောင့်ဖြစ်ပါတယ်။



မော်ရင်ဟိုက အသင်းကွင်းလယ်ကစားသမား ပေါ့ဘာနှင့်အကြိမ်ကြိမ်ပြသာနာဖြစ်ပွားခဲ့ပြီး သူကို အသင်းရဲ့ဒုတိယခေါင်းဆောင်နေရာကနေဖယ်ရှားထားခဲ့ပါတယ်။ဒါအပြင် ရက်ရှ်ဖို့ဒ် ဆန်းချက်ဒ် ဗလင်စီယာတို့ကိုလည်း သူတို့ရဲ့သဘောထားများနှင့်ပတ်သက်ပြီးဝေဖန်မှုများပြုလုပ်ထားခဲ့ပါတယ်။



တစ်ချို့ကစားသမားတွေက မော်ရင်ဟိုဟာတစ်ခြားလူတွေအပေါ်အပြစ်တင်ဝေဖန်မှုများ အရမ်းလုပ်တတ်တယ်လို့ခံစားရတယ်လို့ဆိုကြပြီး သူရဲ့တာဝန်ရှိမှုတွေအပေါ် လက်ခံဖို့အတွက်ငြင်းဆိုထားခဲ့ပါတယ်။



ကစားသမားတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ် ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက်မှာ ကမ်းကုန်အောင်အထိဆိုးရွားလှတဲ့ဥပမာကောင်းကောင်းတစ်ခုလို့ဆိုကြပါတယ်။အဆိုပါပွဲစဉ်မှာမော်ရင်ဟိုက တာဝန်ယူမှုမရှိဘဲအဆိုးဆုံးအနေအထားတစ်ခုကိုလုပ်ဆောင်ခဲ့ပါတယ်။ကွင်းလယ်ကစားသမားတွေကိုနောက်တန်းပို့ပြီး

နောက်တန်း၃ယောက်နေရာထားမှုက မှားယွင်းခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။



ဒီသတင်းအရင်းအမြစ်ရဲ့ဖော်ပြချက်အရ ကစားသမားတွေက သူတို့ကိုသူတို့ကောင်းအောင်ပြုပြင်နေပြီး အလှည့်ကျရောက်လာတဲ့ကစားခွင့်တွေရရှိဖို့အတွက်ပြင်ဆင်နေပါတယ်။ဒါပေမယ့်သူတို့်အားလုံးကတော့ မော်ရင်ဟို ရဲ့ကံကြမ္မာတံခါးကပိတ်သွားပြီလို့ယုံကြည်နေကြပါတယ်။

No comments

Powered by Blogger.