Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အခုချိန်ဟာ ဂျူဗင်တပ်စ်ရဲ့ အတောင့်တင်းဆုံးအချိန်ပါပဲ။--ဘိုနူချီ
ဘိုနူချီက လက်ရှိဂျူဗင်တပ်စ်အသင်းရဲ့အင်အားက အရမ်းကိုတောင့်တင်းနေပြီလို့ယုံကြည်နေပြီး သူကိုယ်တိုင်က လည်း အကောင်းဆုံးထဲက တစ်ယောက်လို့ယုံကြည်နေပါတယ်။
ကွင်းလယ်ခံစစ်ကစားသမား ဘိုနူချီဟာ ယခုနှစ်နွေရာသီမှာ အေစီမီလန် အသင်းမှ ပြန်လည်ရောက်ရှိပြီး ပြီးခဲ့တဲ့နှစ်ကအသင်းနှင့်အချေအတင်ဖြစ်ပြီးအေစီမီလန်အသင်းကိုပြောင်းရွေ့သွားခဲ့ပါတယ်။
"စနေနေ့က နာပိုလီအသင်းဖက်ကို ကျွန်တော်ဂိုးသွင်းယူတော့ပရိသတ်တွေကြားက သြဘာသံတွေကိုရရှိခွင့်ရတာအရမ်းကိုကြည်နူးစရာပါပဲ"လို့ ဘိုနူချီက Corriere Di Torinoနှင့်အင်တာဗျူးမှာဝန်ခံပြောကြားခဲ့ပါတယ်။
"ကျွန်တော် အမြဲတမ်းပရိသတ်တွေကို တက်နိုင်ဆုံးအထိ ရိုသေပေးလေးစားတယ်၊အတိတ်ကအရာတွေက ဘယ်တော့မှဖျက်လို့မရဘူး။"
"တစ်ရက်တော့ကျွန်တော့်နာမည်ကို အသင်းရဲ့ပရိတ်သတ်တွေသီချင်းလုပ်ဆိုတာကြားဖို့မျှော်လင့်နေပါတယ်။"
"အဲဒါကပဲဂျူဗင်တပ်စ်အသင်းကိုအတောင့်အတင်းဆုံးဖြစ်လာစေတာပါ။ကျွန်တော်ကိုယ်တိုင်လည်းကစားခဲ့ပြီး အကောင်းဆုံးအပါအဝင်တစ်ဦးဖြစ်လာပါတယ်။စိတ်ပိုင်းဆိုင်ရာပညာရပ်တွေနဲ့ပွဲရလဒ်ကိုပြောင်းလဲသွားစေခဲ့ပါတယ်။
"ကျွန်တော်တို့အခုထပ်ပိုပြီးစိတ်ဓာတ်မာကျောဖို့လိုတယ်။အကြင်နာတရားမဲ့ပြီးဆာလောင်နေရမယ်။အဲဒါပိုတိုးလာခဲ့ရင်အသင်းကပိုပြီးကြီးထွားလာမှာပါ။"
"ကျွန်တော်တို့အားလုံးဒီဇင်ဘာလကိုစောင့်နေကြတယ်ဗျ။အဲဒီလကအရမ်းအရေးုကြီးတယ်။ကျွန်တော်တို့အားလုံးစိတ်ပိုင်းဆိုင်ရာကြံခိုင်ရေးနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေအားလုံးအဆင်သင့်ရှိနေပါတယ်။"
"ကျွန်တော်တို့ကိုအခုထပ်ပိုတွန်းဖို့အတွက်အမာခံကစားသမားတွေလိုအပ်နေပြီး ဒုတိယရာသီဝက်ရောက်ရင်အခုထပ်ပိုပြီးကောင်းအောက်ထိန်းသိမ်းရမယ်။ဘာလို့လဲဆိုတော့ မာ့ချ်လ နဲ့ မေလဆို ကျွန်တော်တို့ တွေအရာရာအားလုံးအတွက်ကစားရပါတော့မယ်။
"အရာတစ်ခုက သူရဲ့ အခက်အခဲတွေမလာတော့မယ်ဆိုရင်ဒါကစိတ်ကျေနပ်စရာကောင်းပါတယ်။ကျွန်တော်က ခက်ခဲတဲ့အရာကိုလွယ်ကူအောင်လုပ်ရတာသဘောကျတယ်။ဒါပေမယ်တစ်ခါတစ်လေ အလွယ်ကူဆုံးလုပ်ရတဲ့အရာတွေတောင် ကျွန်တော်အမှားအယွင်းဖြစ်တတ်တယ်။ပြောရရင်နာပိုလီနဲ့ပွဲတုန်းကပေါ့ ကျွန်တော်နေရာလွတ်တွေအရင်ရှာပြီးသွားသင့်ခဲ့ပါတယ်။"
"ဒါကပွဲအပေါ်အာရုံထားမှုလျော့နည်းလို့ပါ။ပြီးတော့ ကျွန်တော်အဲဒါကိုသေသေချာချာလုပ်ပြီးတိုးတက်စေချင်တယ်ဗျ"
ဘိုနူချီ က သူရဲ့သား လိုရန်ဇိုကို သူရဲ့ခြေရာကိုနင်းဖို့အတွက်အားခဲမျှော်လင့်နေပြီး ငယ်စဉ်ထဲကနေမြေတောင်မြှောက်ဖို့အတွက်စီစဉ်ထားပြီးကလေးကိုပြိုင်ပွဲတွေထဲဝင်ရောက်လာစေခဲ့ပါပြီ။ဘိုနူချီ က သူကို တိုရီနိုဘောလုံးကျောင်းမှာအပ်နှံထားပါတယ်။
"သိတဲ့အတိုင်းပဲ လိုရန်ဇို က ဘာလော့တယ်လီပရိသတ်ရဲ့ဖြစ်ပြီး တိုရီနိုကိုသူကြိုက်နှစ်သက်ပါတယ်။ပြီးခဲ့တဲ့ရာသီပြီးထဲက တိုရီနိုမှာ စမ်းသပ်ခံပြီးကစားနေခဲ့တာပါ။ပြီးတော့သူလည်းကြိုက်တယ်။"
"သူအသက်၆နှစ်ပြည့်သွားပြီးပြီသူကိုဒီမှာအခွင့်အရေးပေးချင်လို့ ဘောလုံးကျောင်းမှာစာရင်းသွင်းအပ်နှံခဲ့တာပါ။ကျွန်တော်သူရွေးချယ်မှုပတ်သက်ပြီး ဘာမှ ပြောဖို့မမြင်ပါဘူး။ကိစ္စအားလုံးက သူကိုပျော်ရွင်ကျေနပ်စေမှာပါ။
"ပြီးတော့ အဲဒါက တွေက သူအဖေရဲ့အရိပ်ကြောင့်ပါဆိုတဲ့ပုံစံတွေကြောင့်သူကိုနာကျင်စေမှာမဟုတ်ပါဘူး"
Post a Comment