လုခ္ေ႐ွာထံမက္ေဆ့ေပးပို႔ခဲ့တဲ့ကာဗာဟယ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပိန္အသင္းသည္အဂၤလန္ကို၂-၁ျဖင့္အႏိုင္ရခဲ့ေသာႏိုင္ငံတကာေျခစြမ္းပြဲအၿပီးတြင္ ရီးရဲေနာက္ခံလူကာဗာဟယ္သည္ ဒီဂီယာထံမွ လုခ္ေ႐ွာဖုန္းနံပါတ္ကိုေတာင္းယူၿပီး မက္ေဆ့ပို႔ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္အတြင္း ကာဗာဟယ္ႏွင့္ လုခ္ေ႐ွာ့တို႔ရင္ဆိုင္အေတြ႕တြင္ လုေ႐ွာ့ဟာဒဏ္႐ာ႐ွိခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ကာဗာဟယ္ဟာ ဒီအဂၤလန္သားကို႐ွာခဲ့ေပမယ့္ မေတြ႔ခဲ့တာေၾကာင့္ အခုလိုမက္ေဆ့ပို႔ခဲ့တာပါ။
ဝင္ဘာေလကြင္းအတြင္းစပိန္ႏွင့္အဂၤလန္တို႔ေျခစမ္းကစားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းအစမွာေတာ့ လုခ္ေ႐ွာ့တစ္ေယာက္ကာဗာဟယ္ေၾကာင့္ဒဏ္ရာရခဲ့ပါတယ္။
လုခ္ေ႐ွာသည္ တနဂၤေႏြေန႔က George´ Parkမွာဒဏ္ရာအေျခအေနကိုစစ္ေဆးခဲ့ၿပီး တနလၤာေန႔မွာေတာ့ ယူႏိုက္တက္ေဆးအဖြဲနဲ႔ျပန္လည္ဆက္သြယ္ခဲ့ပါတယ္။
အဂၤလန္အသင္းရဲ႕လူစာရင္းမွာလက္စတာကစာသမားBen Chilwellကလုေ႐ွာေနရာအစားဝင္ခဲ့ၿပီး သူကေတာ့ယူႏိုက္တက္ဆီျပန္လာခဲ့ရတာပါ။
ပြဲအၿပီးမွာတာဝန္႐ွိသူတစ္ဦးက``စပိန္နဲ႔ပြဲအၿပီး လုေ႐ွာဟာGeorge´ Parkမွာအနားယူၿပီးဒဏ္ရာအေျခေနကို စစ္ေဆးခဲ့ပါတယ္။ေနာက္တေန႔မွာေတာ့ သူယူႏိုက္တက္ဆီျပန္ဖို႔ရွိေနပါတယ္´´လို႔
ေျပာခဲ့ၿပီး ဒီဒဏ္ရာေၾကာင့္ေနာက္တစ္ပတ္စေနေန႔ ဝက္ဖိုဒ္နဲ႔အေဝးကြင္းမွာယွဥ္ၿပိဳင္ကစားမယ့္ ယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္ဖို႔႐ွိေနပါတယ္။
သူဟာ အခုခ်ိန္ထိေလ့က်င့္ခန္းျပန္မဆင္းႏိုင္ေသးပါဘူး။အခုလိုဒဏ္ရာထပ္မံရ႐ွိခဲ့ျခင္းဟာ လုခ္ေ႐ွာ့အတြက္ႀကီးမာတဲ့ထိုးႏွက္ခ်က္ပါပဲ။ သူဟာ 2015ခုႏွစ္က ယူႏိုက္တက္နဲ႔psvတို႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ေျခေထာက္အ႐ိုးႏွစ္ေခ်ာင္းက်ိဳးခဲ့ဖူးၿပီး ပံုမွန္ေျခစြမ္းျပန္ရဖို႔႐ုန္းကန္ခဲ့ရၿပီး အခုလို အခ်ိန္မွာမွဒဏ္ရာထပ္မံရ႐ွိခဲ့တာျဖစ္ပါတယ္၊
(Unicode)
လုခ်ရှောထံမက်ဆေ့ပေးပို့ခဲ့တဲ့ကာဗာဟယ်
စပိန်အသင်းသည်အင်္ဂလန်ကို၂-၁ဖြင့်အနိုင်ရခဲ့သောနိုင်ငံတကာခြေစွမ်းပွဲအပြီးတွင် ရီးရဲနောက်ခံလူကာဗာဟယ်သည် ဒီဂီယာထံမှ လုခ်ရှောဖုန်းနံပါတ်ကိုတောင်းယူပြီး မက်ဆေ့ပို့ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အတွင်း ကာဗာဟယ်နှင့် လုခ်ရှော့တို့ရင်ဆိုင်အတွေ့တွင် လုရှော့ဟာဒဏ်ရာရှိခဲ့ပါတယ်။
ပွဲအပြီးမှာတော့ကာဗာဟယ်ဟာ ဒီအင်္ဂလန်သားကိုရှာခဲ့ပေမယ့် မတွေ့ခဲ့တာကြောင့် အခုလိုမက်ဆေ့ပို့ခဲ့တာပါ။
ဝင်ဘာလေကွင်းအတွင်းစပိန်နှင့်အင်္ဂလန်တို့ခြေစမ်းကစားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအစမှာတော့ လုခ်ရှော့တစ်ယောက်ကာဗာဟယ်ကြောင့်ဒဏ်ရာရခဲ့ပါတယ်။
လုခ်ရှောသည် တနင်္ဂနွေနေ့က George´ Parkမှာဒဏ်ရာအခြေအနေကိုစစ်ဆေးခဲ့ပြီး တနင်္လာနေ့မှာတော့ ယူနိုက်တက်ဆေးအဖွဲနဲ့ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့လူစာရင်းမှာလက်စတာကစာသမားBen Chilwellကလုရှောနေရာအစားဝင်ခဲ့ပြီး သူကတော့ယူနိုက်တက်ဆီပြန်လာခဲ့ရတာပါ။
ပွဲအပြီးမှာတာဝန်ရှိသူတစ်ဦးက``စပိန်နဲ့ပွဲအပြီး လုရှောဟာGeorge´ Parkမှာအနားယူပြီးဒဏ်ရာအခြေနေကို စစ်ဆေးခဲ့ပါတယ်။နောက်တနေ့မှာတော့ သူယူနိုက်တက်ဆီပြန်ဖို့ရှိနေပါတယ်´´လို့
ပြောခဲ့ပြီး ဒီဒဏ်ရာကြောင့်နောက်တစ်ပတ်စနေနေ့ ဝက်ဖိုဒ်နဲ့အဝေးကွင်းမှာယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပါတယ်။
သူဟာ အခုချိန်ထိလေ့ကျင့်ခန်းပြန်မဆင်းနိုင်သေးပါဘူး။အခုလိုဒဏ်ရာထပ်မံရရှိခဲ့ခြင်းဟာ လုခ်ရှော့အတွက်ကြီးမာတဲ့ထိုးနှက်ချက်ပါပဲ။ သူဟာ 2015ခုနှစ်က ယူနိုက်တက်နဲ့psvတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ခြေထောက်အရိုးနှစ်ချောင်းကျိုးခဲ့ဖူးပြီး ပုံမှန်ခြေစွမ်းပြန်ရဖို့ရုန်းကန်ခဲ့ရပြီး အခုလို အချိန်မှာမှဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်၊
Post a Comment