Header Ads


ရိုနယ်ဒိုတစ်ယောက်ခြေစွမ်းတက်လာဖို့ အစီအစဉ်အသစ်တွေထားရှိထားတဲ့ဂျူဗင်တပ်စ်



လာမယ့် ဇန်န၀ါရီ ၂၀၁၉  ကနေစတင်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုပြန်မြင်နိုင်ဖို့ ဂျူဗင်တပ်စ်အသင်းမှာအစီအစဉ်သစ်တွေရှိကြောင်းTutto Sports ကဆိုထားပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရီးရဲလ်မှာ ကစားခဲ့တဲ့ ပုံစံအတိုင်း နှစ်သစ်ရောက်မှ ပိုမိုခြေစွမ်းတောက်ပလေ့ရှိတဲ့ ရိုနယ်ဒိုဟာ  ဂျူဗင်တပ်စ်အသင်းမှာလည်းအဆိုပါလမ်းစဉ်အတိုင်းဖြစ်လာဖွယ်ရှိနေပါတယ်။

Tutto Sports ရဲ့ ဖော်ပြချက်အရ လာမယ့်ဖေဖေါ်ဝါရီမှာ အသက်၃၄ နှစ်ကို ရောက်ရှိတော့မယ့် ရိုနယ်ဒိုအတွက် အသက်အကန့် သတ်သာရှိတော့သာကြောင့် အကောင်းဆုံးပုံစံတွေထုတ်ပြနိုင်ဖို့ ဂျူဗင်တပ်စ်အသင်းဟာ အစီအစဉ်ကောင်းတစ်ခုကို ရေးဆွဲထားတယ်လို့ သိရပါတယ်။

ရိုနယ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ အတူ စီးရီးအေ ၃ပွဲကစားထားပြီး ၁ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးပါဘူး။

ရိုနယ်ဒို အတွက်အစီအစဉ်အသစ်အရ


ခရစ်တီယာနို ဟာ လောလောဆယ်မှာ ပြေးနေပါတယ်။ ၂၀၁၉  ဇန်န၀ါရီမှာတော့ သူဟာစတင်ပျံသန်းနိုင်ပါတော့မယ်။လို့ ဆိုထားပါ
တယ်။

No comments

Powered by Blogger.